ရုရှားမှာ မွေးကင်းစကလေး သေဆုံးမှု အနည်းဆုံးဖြစ်ပြီလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားမှာ မွေးကင်းစကလေး သေဆုံးမှု အနည်းဆုံးဖြစ်ပြီလို့ ဆို


မတ် - ၂၈ (သောကြာနေ့)

ရုရှားနိုင်ငံတွင် မိခင်နှင့် ကလေးထိန်းစနစ် တိုးတက်လာမှုကြောင့် ကလေးသေဆုံးမှုပမာဏ သမိုင်းကြောင်းအရ နိမ့်ဆင်းသွားခဲ့ကြောင်း ဝန်ကြီးချုပ် မီခေးလ် မစ်ဆူဆင်က ကြေညာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ ဒူးမားလွှတ်တော် ၌ မိန့်ခွန်းပြောကြားရာတွင် မစ်ဆူဆင် က မွေးကင်းစကလေးငယ် အားလုံးနီးပါး သည် ယခုအခါတွင် ပြည့်စုံစွာ စစ်ဆေးခြင်းခံရပါတယ်လို့ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းက စမ်းသပ်မှုများကို ငါးခုသာလုပ်နိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ စမ်းသက်မှု ၄၀ အထိ လုပ်ဆောင်နိုင်အောင် တိုးချဲ့နိုင်ခဲ့ပါတယ် လို့ ဆိုပါတယ်။ 

“ယနေ့၊ ရုရှားနှင့် ဆိုဗီယက်ယူနီယံသမိုင်းတစ်လျှောက် နိုင်ငံအတွင်း မွေးကင်းစကလေး သေဆုံးမှုနှုန်းသည် အနိမ့်ဆုံးဖြစ်သွားပါပြီ။ ဒီစကားတွေရဲ့နောက်ကွယ်မှာ ထောင်ပေါင်းများစွာသော ကလေးငယ်လေးတွေဟာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီက အသက်ကယ်စောင့်ရှောက်မှုကို ချက်ချင်းရရှိပြီး အသက်ရှင်နေထိုင်ခွင့်ကို ရရှိနေကြပါပြီ” လို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးနှင့် လူဦးရေစာရင်းဆိုင်ရာ ပရောဂျက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုရှားတွင် ကလေးအထူးကုဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ ခေတ်မီအောင် လုပ်ဆောင်နေကြောင်း မစ်ဆူဆင် က မှတ်ချက်ပြုခဲ့ပါတယ်။ နိုင်ငံတော်စီမံကိန်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံပေါင်း ၂၀ ကျော်ကို စတင်လည်ပတ်ခဲ့ပြီး လက်ရှိဆေးခန်းအားလုံးနီးပါးကို ခေတ်မီစက်ကိရိယာများဖြင့် အဆင့်မြှင့်တင်ထား ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ 

အခြားနိုင်ငံများစွာကဲ့သို့ပင် ရုရှားနိုင်ငံသည် ကလေးမွေးဖွားနှုန်း ကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးသူငယ်နှင့် မီးဖွားခြင်းတို့ကို လွှမ်းခြုံနိုင်သော စနစ်တစ်ရပ်ကို ဖော်ဆောင်လျက်ရှိပါတယ်။ ယမန်နှစ်နှောင်းပိုင်းတွင် သမ္မတ ဗလာဒီမာပူတင်သည် ကလေးမွေးဖွားနှုန်း တိုးမြှင့်ခြင်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းသည် ရုရှားအတွက် အဓိကပြဿနာများထဲမှ တစ်ခုဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ 

ကလေးမွေးဖွားမှုအတွက် တစ်လုံးတစ်ခဲတည်းပေးချေမှုနှင့် တိုးချဲ့မီးဖွားခြင်းအကျိုးခံစားခွင့်များအပါအဝင် မိသားစုများအတွက် ငွေကြေးပံ့ပိုးမှုအစီအစဉ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ အစိုးရသည် ဆိုဗီယက်ခေတ် “မိခင်သူရဲကောင်း” ဆုကိုလည်း ပြန်လည်အသက်သွင်းခဲ့ပြီး ကလေးဆယ်ဦးနှင့်အထက် မွေးဖွားသော အမျိုးသမီးများအတွက် ငွေကြေးမက်လုံးများ ပေးဆောင်နေပါတယ်။ ကလေးများစွာရှိသော မိသားစုများအတွက် ဖြစ်နိုင်ချေရှိသော အခွန်မက်လုံးများ မြှင့်တင်ခြင်းကဲ့သို့သော မူဝါဒများကို ဆွေးနွေးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)