တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်








တောင်ကြီး၊ မတ် ၂၄

တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဓမ္မာရုံတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ္ဘောဇဘဏ်လီမိတက်နာယက၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာမဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်လီမိတက်နာယက၊ ပြည်နယ်ဝန်ကြီးများ ဂေါပကအဖွဲ့ဝင်များက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ၊ ရွှေဆိုင်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းလောင်းအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ပြီးမြောက်ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးကို ငါးဧက ဖဒိုသာသနာပြုကျောင်းဆရာတော်က ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေသင်္ကန်းများကပ်လှူခဲ့ကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)