သဲကုန်းမြို့နယ်၌ (၁၃၈၆) ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ (၁၃၈၆) ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



သဲကုန်း , မတ် ၂၂


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၁၃၈၆) ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက (၁၃၈၆) ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသကြင်္န် ပွဲတော်ကျင်းပနိုင်ရန်အတွက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်မည်ဖြစ်ပြီး ပြည်သူများ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနိုင်ရန်၊ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများက သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ယိမ်းအကများဖြင့် ဖျော်ဖြေရေးအစီအစဥ်များ အဆင်ပြေစေမှုရှိစေရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာ‌တော်များမှ မြို့တွင်းအန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ ကန်တော့နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)