အီရန်အပေါ်ချထားတဲ့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရင် နျူဆွေးနွေးပွဲတွေ ပြန်စမယ်လို့ တရုတ်နဲ့ ရုရှားတောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်အပေါ်ချထားတဲ့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရင် နျူဆွေးနွေးပွဲတွေ ပြန်စမယ်လို့ တရုတ်နဲ့ ရုရှားတောင်းဆို



မတ်- ၁၅ ( စနေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ အာဏာအရှိဆုံးခေါင်းဆောင် ဆီသို့ စာတစ်စောင်ရေး ပို့ရာတွင် အီရန်နိုင်ငံအနေနဲ့ နျူကလီယား ကိစ္စများကို ဆက်မလုပ်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို အနှောက်အယှက် မဖြစ်စေရန် ထိန်းသိမ်းဖို့ ပျက်ကွက်ပါက လက်ရှိချထားတဲ့ ပိတ်ဆို့မှုတွေအပြင် နောက်ထပ် အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေကို လုပ်မယ်လို့ ရာဇသံပါရှိပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်လို့ အီရန်၊ ရုရှား နဲ့ တရုတ် ကိုယ်စားလှယ်တွေက အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးရင် အလျင်အမြန်တိုးတက်နေတဲ့ အီရန်နျူကလီးယား အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ပြန်စပေးမယ်ဆိုပြီး တောင်းဆိုမှုတွေလုပ်ထားပါတယ်။ 

သောကြာနေ့မနက်က တွေ့ဆုံခဲ့တဲ့ သုံးနိုင်ငံဟာ “တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို ရပ်စဲဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်” လို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ရာယက်ဘ်ကော့ဗ် ဆာဂေး အလက်ဆီဗစ်ချ် နဲ့ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂဟာရီဘာဘာဒီ တို့က ပူးတွဲထုတ်ပြန်ချက်မှာ ပြောကြားထားခဲ့ပါတယ်။ 

အပြန်အလှန်လေးစားမှု အခြေခံမူကို အခြေခံပြီး နိုင်ငံရေးနှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုနှင့် ဆွေးနွေးပွဲများသည် ဤကိစ္စအတွက် တစ်ခုတည်းသော အလားအလာရှိပြီး လက်တွေ့ကျသော ရွေးချယ်မှုအဖြစ် ကျန်ရှိနေသေးကြောင်း သုံးနိုင်ငံမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ပတ်သက်ပြီး အီရန်၏အဓိပတိခေါင်းဆောင် အယာတိုလာအလီ ခါမေနီ က ထရမ့် သည် “အနိုင်ကျင့်သောအစိုးရ” ဖြစ်လို့ နျူးကလီယား ဓာတ်ပေါင်းဖိုတွေနဲ့ ပတ်သက်ရင် ဆွေးနွေးရန် စိတ်မဝင်စားကြောင်း ပြောဆိုကာ လှောင်ပြောင်ခဲ့ဖူးပါတယ်။ 

တရုတ်နှင့် ရုရှားတို့က  ဂျာမနီနှင့် ဥရောပသမဂ္ဂတို့နှင့်အတူ ၂၀၁၅ မူလ အီရန်နျူးကလီးယား သဘောတူညီချက် ပဏာမ မူဘောင်သဘောတူညီချက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေနဲ့ ပါဝင်ခဲ့ပြီး  အဲ့ဒိ သဘောတူညီချက်ကနေ  ၂၀၁၈ မှာ အမေရိကန်က နုတ်ထွက်ခဲ့တာပါ။ တရုတ်နှင့် ရုရှားတို့သည် စွမ်းအင်သဘောတူညီချက်များမှတစ်ဆင့် အီရန်နှင့် အထူးသဖြင့် နီးကပ်သောဆက်ဆံရေးရှိပြီး အီရန်သည် ရုရှားအား ယူကရိန်းစစ်ပွဲတွင် ဗုံးသယ်ဆောင်သည့် ဒရုန်းများကို ထောက်ပံ့ပေးခဲ့ပါတယ်။ 

အမေရိကန်ကလည်း တရုတ်၊ ရုရှား နဲ့ အီရန် ၃ နိုင်ငံက ကိုယ်ပိုင်အာဏာရှင်စနစ်များကို မျက်နှာသာပေးကာ ကမ္ဘာ့ဖြစ်ရပ်များကို ဆုံးဖြတ်ရာတွင် အမေရိကန်နှင့် အခြားသော လစ်ဘရယ်ဒီမိုကရေစီများရဲ့ အခန်းကဏ္ဍကို လျော့ပါးစေရန် ပူးတွဲအကျိုးစီးပွားကို မျှဝေပေးဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ထားပါတယ်။ 


REF : abc news                                                                                                    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)