သန်လျင်မြို့နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသူများ ဂုဏ်ပြုပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသူများ ဂုဏ်ပြုပူဇော်ပွဲကျင်းပ

 


ရန်ကုန် , မတ် ၁၆


၂၀၂၅ ခုနှစ် နိုင်ငံတော်အစိုးရမှချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိခဲ့သော သန်လျင်မြို့နယ်မှ ဆရာတော်နှစ်ပါး၊ သီလရှင်ဆရာကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဘွဲ့ခံဆရာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား ဒေဝါဝင်း၊ ရာဇာဝင်းများခင်း၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံကြသည်၊ ထို့နောက် သာသနာ့ဗိမာန်ကြီးတွင် ဂုဏ်ပြုပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အစီအစဉ်အရ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကရင်ဆိပ်ကျောင်းဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သာသနာရေးဆိုင်ရာများ လျောက်ထားသည်။


ယင်းနောက် သာသနာတော်ဆိုင်ရာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ရွှေသန်လျင်ဆရာတော် ဘဒ္ဒန္တမေဃိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ နန္ဒ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဒေါ်မြင့်မြင့်အေးတို့အား သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်၊ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ဝိသုဒ်ဓါရာမချမ်းမြေ့သာယာရေး ဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော် ဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိတ်သတ်များက ရေစက်ချတရားနာယူခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)