ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြိုအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြိုအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေး

 







ပြည်၊ မတ် ၂၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြိုအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာတိုအား စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၄၉၆)ဦး အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌  ကျောင်းသား/သူ (၃၅၈)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာတိုအား စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းသား/သူများ မိမိတိုအိမ်သို အန္တရာယ် ကင်းစွာပြန်လည် ရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်း(အနောက်ခြမ်း)ရှိမြိုနယ်(၁၄)မြိုနယ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန(၄၅)ခု ဖွင့်လှစ် ကျောင်းသား/သူ (၉၆၆၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သတင်းရရှိသည်။


တင်စိုး (ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)