ရွှေတောင်မြို့နယ်၌ နွေစပါး ၂၇၂၅ ဧက လျာထားစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ နွေစပါး ၂၇၂၅ ဧက လျာထားစိုက်ပျိုးပြီးစီး




ရွှေတောင်၊ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလမှစတင်၍ စိုက်ပျိုးမြေများသို့စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

နတ်မှော်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား နွေစပါးစိုက်ပျိုးရာသီကာလအတွင်း အချိန်မီစိုက်ပျိုးနိုင်ရေး၊ သက်တမ်းတိုအထွက်ကောင်းမျိုးများဖြစ်သည့် ရတနာတိုး၊ ရက်၉၀၊ ဗီယက်နမ်၊ အောင်နိုင်တိုးစပါးမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလေလွင့်မှုမရှိစေရေးအတွက် လယ်ကြားမြောင်းများ စနစ်တကျတူးဖော်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရေး၊ ပျိုးထောင်စနစ်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့်သာ စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် နွေစပါးစောစီးစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေများစောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများ၏ စိုက်စွမ်းအား၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ တောင်သူများအကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း၌ နွေစပါး ၂၇၂၅ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှသိရပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် နတ်မှော်မြစ်ရေတင်အသုံးပြုတောင်သူများအဖွဲ့နှင့်ပူးပေါင်း၍ စိုက်ပျိုးရေအလေအလွင့်နည်းပါးရေးအတွက် စနစ်တကျပေးဝေပြီးနွေစပါး လျာထားဧက ၂၇၂၅ ဧက ပြည့်မှီစွာ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)