ရုရှားသမ္မတ ပူတင်အား မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသမ္မတ ပူတင်အား မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ကြား



မော်စကို၊ မတ် ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E.  Vladimir Vladimirovich Putin တို့သည် ယမန်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ကျေးဇူးတင်စကား ပြောကြားရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "အဆွေတော် သမ္မတ ကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးလာရောက် နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားအပ်ပါတယ်။"ဟု ဖိတ်ကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေ ပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးရည်မှန်ချက်များ ပြည့်မီဖို့ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းနဲ့  နိုင်ငံတကာမျက်နှာစာတွေမှာမြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက် မပျက်ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ကျွန်တော်ပြောကြားလိုပါတယ်။ နောင် အနာဂတ်မှာလဲ ကျွန်တော်တို့နှစ်နိုင်ငံ ကြားမှာ အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားလိုပါတယ်။ အဆွေတော်သမ္မတကြီးခင်ဗျာ - မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးနိုင်ငံတို့ အကြားပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတတ် မြင့်မားစေဖို့အတွက် ကျွန်တော့်အနေနဲ့ အတူတကွကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်းဆန္ဒပြုပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေး ခရီးစဉ်ကို အစစအရာရာပြည့်စုံအောင် ဆောင်ရွက်ပေးမှုများ၊ နွေးထွေးစွာကြိုဆိုမှုများ အတွက်ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနဲ့ အဆွေတော် သမ္မတ ကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးလာရောက် နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားအပ်ပါတယ်။" ဟု ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)