ဘာလင်၊ မတ် ၂၆
ဂျာမနီနိုင်ငံ သမ္မတ ဖရန့်ခ်-ဝေါ်လ်တာ စတိုင်းမိုင်ယာက ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နှင့် ၎င်း၏အစိုးရအဖွဲ့အား မတ် ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် တရားဝင် ဖယ်ရှားလိုက်ကြောင်း သိရသည်။
သို့သော် အစိုးရသစ် တာဝန်မယူမီအချိန်ထိ ရှောဇ်အနေဖြင့် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။
လက်ရှိတွင် အာဏာရ ညွန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) နှင့် ခရစ်ယာန် ဆိုရှယ်ယူနီယံ (CSU) တို့ ပါဝင်သော ကွန်ဆာဗေးတစ် အုပ်စုက ဂျာမနီနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) က ၎င်း၏နောက်တွင် ရပ်တည်လျက်ရှိသည်။ ထိုရွေးကောက်ပွဲရလဒ်က CDU/CSU နှင့် SPD တို့ ညွန့်ပေါင်းဖွဲ့နိုင်ရန် လမ်းပွင့်သွားစေခဲ့သည်။
CDU ပါတီခေါင်းဆောင် ဖရီးဒရစ်မက်ဇ်က အစိုးရသစ်ကို ဦးဆောင်မည်ဟု မျှော်လင့်ရသလို မက်ဇ်ကလည်း အီစတာပွဲတော်ကာလထက် နောက်မကျဘဲ အစိုးရဖွဲ့ရန် ဆန္ဒရှိကြောင်း ပြောကြားထားသည်။
မတ် ၂၅ ရက်ကလည်း CDU ပါတီမှ ယူလီယာ ကလက်ခ်နာအား ဂျာမနီအောက်လွှတ်တော် (Bundestag) ၏ ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခဲ့ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment