အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများပါဝင်နေ သည်ကို နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများပါဝင်နေ သည်ကို နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား


နေပြည်တော်၊ မတ် ၁၈

(၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် "အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများပါဝင်နေ သည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန်" ပြောဆိုထားသည်။

သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို ခိုင်မာတောင့်တင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေပါသည်။ မျက်မှောက်ကာလခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုကြည့်ပါက စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာတည်ဆောက်ထားကြသည်ကို တွေ့ရှိနိုင်ပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့သော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေပါသည်။" ဟု ပြောဆိုထားသည်။

ယနေ့ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ နယ်မြေဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်နေကြရကြောင်း၊ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများပါဝင်နေ သည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်နေပြီဖြစ်ကြောင်း အသိပေးလိုပါကြောင်း ပြောကြားထားသည်။

ယနေ့လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမည့်လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)