ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်




ဖနောင်ပင်၊ မတ် ၇

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်မာနိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်မှ ၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ကျင်းပလျက်ရှိရာ နိုင်ငံပေါင်း (၂၇)နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၇၀၀)ဦးခန့် တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက် လျက်ရှိကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)