ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် တည်ထားကိုးကွယ်သော “ဥတ္တရဂုရုလာဘမုနိစေတီတော်မြတ်ကြီး” ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် တည်ထားကိုးကွယ်သော “ဥတ္တရဂုရုလာဘမုနိစေတီတော်မြတ်ကြီး” ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ




ကျောက်တလုံးကြီး3,  မတ် ၁၂


ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ မြောက်ဘက်တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်တော်မူအပ်သော “ဥတ္တရဂုရုလာဘမုနိစေတီတော်မြတ်ကြီး” ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို အဆိုပါဘုရားတောင်ပေါ်တွင် မတ်လ ၁၂ ရက်၊ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရွှေနဂါးဆရာတော်အရှင်တိက္ခဉာဏ၊ သံဃာတော်များ၊ ပအိုဝ်းအမျိုးသားနာယက ဦးအောင်ခမ်းထီနှင့် ဘုရားဒါယကာ/ ဒါယိကာများက ဘုရားထီးတော်အား စေတီတော်ရင်ပြင်တွင် လက်ယာရစ် ၃ ပတ်လှည့်လည်၍ ပန်းရထားဖြင့် ထီးတော်တင်လှူပူဇော်ကြပြီး အလှူရှင်များက ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်အပေါင်းတို့အား တည်ခင်းဧည့်ခံကျွေးမွေးခြင်း အစရှိသောကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ်လှူဒါန်းကြသည်။


“ဥတ္တရဂုရုလာဘမုနိစေတီတော်မြတ်ကြီး” စိန်ဖူးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ အလှူတော်မင်္ဂလာနှင့် အခြားသော လှူဖွယ်ဝတ္ထုအစုစုတို့အား ကပ်လှူပူဇော်ခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ၁၃၈၆ ခု၊ တပေါင်းလပြည့်နေ့၊ မတ်လ ၁၃ ရက်တွင် ဆက်လက်ပူ‌ဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဇော်နိုင်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)