ဒါကာ၊ မတ် ၁၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်းမ်စတက်အတွင်း ရေးမှူးရုံးနှင့် South Asian Network on Economic Modeling (SANEM) တို့ ပူးပေါင်း၍ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၌ ၁၂-၃-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘင်းမ်စတက်မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် HE Indra Mani Pandey က သဘာပတိ အဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ပြီး South Asian Network on Economic Modeling (SANEM) မှ Executive Director ဖြစ်သူ ပါမောက္ခ Dr Selim Raihan က Presentation ပြု လုပ်ခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ဟောင်း သံအမတ်ကြီး Mr. Sumith Nakandala အပါအဝင် ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များနှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ တတ်သိပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment