မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်





မိုးနဲ၊ မတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် အကြမ်းဖက်တားဆီးနှိမ်နှင်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၃၅နှစ်အထက် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်နိုင်ရေး ကျန်းမာကြံ့ခိုင်စေရေး၊ ကျန်းမာရေးကောင်းမွန်အောင်နေထိုင်ကြရန်၊ လေ့ကျင့်ခန်းများဂရုပြုလုပ်ဆောင်ကြရန်၊ ဒေသတွင်းလုံချုံမှုရှိစေရေးစနစ်တကျဆောင်ရွက်ရန်၊ စိတ်ဓာတ်ခိုင်မာမှုရှိစေရေး စိတ်ဓာတ်ကောင်းမွန်ရေးနှင့် အဖွဲ့စည်းစိတ်ဓာတ်တည်ဆောက်ကြရန်၊ အများပြည်သူများ၏ ယုံကြည်အားကိုးမှုအပြည့်အဝရသည်အထိ စေတနာထားကြိုးစားပေးကြရန် ပြောကြားပေးခဲ့သည်။ ထို့နောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များနှင့် အခက်အခဲများကိုပြောကြားခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ဖြေရှင်းပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလအတွက် လစာစရိတ်ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပြီး လစဉ်ဒေသတွင်းကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်အခက်အခဲမရှိစေရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်တားဆီးနှိမ်နှင်းရေးအဖွဲ့ဝင် ဦးကျော်ကိုကိုသက်က မြို့နယ်တွင်း နွေရာသီကာလမီးလောင်မှုဖြစ်စဉ်များ သဘာဝဘေးများဖြစ်ပေါ်လာပါက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့်  အချိန်နှင့်တပြေးညီဆက်သွယ်ပေးကြရန် ပြောကြားခဲ့သည်။


ဦးဇင်ကိုကို

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)