စစ်ဖြစ်နေတာနဲ့ ကစားသမားတွေကို ပြိုင်ပွဲမဝင်ခိုင်းတာကို ဆန့်ကျင်တယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ဖြစ်နေတာနဲ့ ကစားသမားတွေကို ပြိုင်ပွဲမဝင်ခိုင်းတာကို ဆန့်ကျင်တယ်လို့ဆို


မတ် - ၂၂ ( စနေနေ့ ) 

အသစ်တက်လာတဲ့ အိုလံပစ်ကော်မတီ ဥက္ကဌ ဖြစ်သူ ခရစ္စတီး ကွန်ဗန်ထရီ က လက်နက်ကိုင် ပဋိပက္ခများတွင် ၎င်းတို့၏ နိုင်ငံများ၏ ပါဝင်ပတ်သက်မှုအပေါ် အခြေခံပြီး အားကစားသမားများအား အိုလံပစ်ပြိုင်ပွဲမှ တားမြစ် ပိတ်ပင်ခြင်းကို မထောက်ခံကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က Sky News နှင့် အင်တာဗျူး တစ်ခုတွင် သူမသည် ရုရှားကစားသမားများ အိုလံပစ်ပြိုင်ပွဲတွင် ပြန်လည်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန် အစီအစဉ်ကိုလည်း ကြေညာခဲ့သည်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်း- ရုရှားပဋိပက္ခများ ပြင်းထန်လာပြီးနောက် မကြာမီကျင်းပသော  အားကစား ပြိုင်ပွဲများတွင် ရုရှားနှင့် ဘီလာရုစ် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ် ထားပါသည်။ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များသည် ပြိုင်ပွဲများတွင် ကစားသမား အချင်းချင်း လိုက်လျော ညီထွေမှု ဖြစ်စေရန်အတွက် နှစ်နိုင်ငံစလုံးကို ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲကြီးများမှ ဖယ်ထုတ်ပစ်ရန် တောင်းဆိုခဲ့ပါသည်။ နောက်ပိုင်းတွင် အိုလံပစ်ကော်မတီသည် ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့မှ အားကစားသမား အချို့အား ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ကြားနေနိုင်ငံအလံများအောက်မှ တစ်သီးပုဂ္ဂလ အဖြစ် အားကစားပြိုင်ပွဲများတွင် ပါဝင်ခွင့်ပြုခဲ့ပြီး နိုင်ငံအသင်းလက်ရွေးစင်များကိုမှု တားမြစ်ထားပါသည်။ စစ်ရေး ပဋိပက္ခများကြောင့် အိုလံပစ်ပြိုင်ပွဲများတွင်ပါဝင်ခွင့် ပိတ်ပင်ခြင်းကို ဆန့်ကျင်တယ်ဆိုပြီး မဲဆွယ်ကာ ရာထူးအတွက် ရွေးချယ်ခံရပြီးနောက် ကွန်ဗန်ထရီက “ကျမအနေနဲ့ အခြေအနေတစ်ခုစီကို တစ်ဦးချင်း စီအတွက် သုံးသပ်ရမယ်လို့ ယုံကြည်ပါတယ်။”

အိုလံပစ်ကော်မတီ IOC ကို ဦးဆောင်မည့် ပထမဆုံး အမျိုးသမီးနှင့် ပထမဆုံး အာဖရိကန် ဖြစ်လာတဲ့ ကွန်ဗန်ထရီက  "ပဋိပက္ခများ ကြုံလာတဲ့အခါ ကျမတို့ လှုပ်ရှားမှုတွင် ဆုံးဖြတ်ချက်များချရာတွင် အသုံးပြုနိုင်သည့် မူဝါဒအချို့နှင့် လမ်းညွှန်မူဘောင်အချို့ကို ပြုစုရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ထူထောင်ဖို့ လိုပါတယ်။ အဲ့ဒိအဖွဲ့ ထူထောင်ဖို့အတွက် ကတိပြုပါတယ်" လို့ ဆိုသည်။ 

ဇင်ဘာဘွေနိုင်ငံအတွက် ရွှေတံဆိပ် ၂ ခု ယူပေးခဲ့တဲ့ ရေကူးချိန်ပီယံဟောင်း တစ်ဦးကလည်း သူပြိုင်ပွဲ ဝင်နေစဉ်ကာလတုန်းကလည်း သူ့နိုင်ငံမှာ စစ်တွေဖြစ်နေခဲ့သည်။ အဲ့ဒိတုန်းက အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ဖို့အတွက် အသက်စွန့်ပြီး သွားလာခဲ့ရတာဖြစ်လို့ ကစားသမားတွေကို အကာအကွယ်ပေးဖို့ အတွက်လည်း ထည့်သွင်း စဉ်းစားစေချင်တယ် လို့ ပြောသည်။ 


REF: RT    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)