စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ မတ် ၁၈

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် - ၃ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ထမ်းများအနေဖြင့် ဥပဒေသဘောတရားများ သိရှိနားလည်ပြီး တည်ဆဲဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သောတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို သင်တန်းနည်းပြများနှင့် အပြန်အလှန်သင်ကြား၊ သင်ယူဆွေးနွေးကြရန်နှင့် သင်တန်းမှရရှိလာသည့် ဥပဒေဆိုင်ရာ ဗဟုသုတများကို မိမိဝန်ကြီးဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ အသုံးချသွားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို (၆)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုသင်တန်းသည် (၇)ကြိမ်မြောက် သင်တန်းဖြစ်ကာလာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြပြီး သင်တန်းကို ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)