ပုသိမ်ကြီးမြို့နယ်တွင် ပါဆယ်လာပို့သယောင် အပေါက်ဖွင့်ခိုင်းပြီး ဓားပြတိုက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ပါဆယ်လာပို့သယောင် အပေါက်ဖွင့်ခိုင်းပြီး ဓားပြတိုက်မှုဖြစ်ပွား



မန္တလေး၊ မတ် ၁၂

ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းသာယာရပ်ကွက် ၁၁-၃-၂၀၂၅ ရက်နေ့ ၁၇:၀၀ အချိန်ခန့်တွင် ဦးခင်ထွန်း (ပါမောက္ခငြိမ်း) ၏ နေအိမ်အား အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး ပါဆယ်လာပို့သယောင် အပေါက်ဖွင့် လက်မှတ်ထိုးခိုင်းပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဦးခင်ထွန်း၊ ဒေါ်မြင့်မြင့်တင်နှင့် သမီးဖြစ်သူ တို့ ၃ဦးသည် နေအိမ်တွင်ရှိနေစဉ် အသက် ၂၀နှစ်ခန့် အမည်မသိ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦးတို့သည် ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာပြီး ပါဆယ်လာပို့ခြင်းဖြစ်ကြောင်း၊ လက်မှတ်ထိုး၍ လက်ခံပေးရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ်မြင့်မြင့်တင်မှ ခြံတံခါးအားဖွင့်ပေးခဲ့ရာ အမည်မသိ ၃ဦးသည် နေအိမ်အတွင်း ရောက်ရှိချိန် အမျိုးသမီးမှ နေအိမ်တံခါးမကြီးအားပိတ်ကာ အမျိုးသားမှ ဦးခင်ထွန်း၊ ဒေါ်မြင့်မြင့်တင်နှင့် သမီးဖြစ်သူတို့၏ ပါးစပ်အား တိတ်ဖြင့်ပိတ်စည်း၍ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၆ ကျပ်သားခန့်(တန်ဖိုး ၃၉၀,၀၀၀,၀၀၀ကျပ်ခန့်)နှင့် မြန်မာငွေစက္ကူရောရာ ၆၀၀,၀၀၀ ကျပ် တို့အားယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် အမည်မသိအမျိုးသမီးမှ လက်နက်ငယ် အား ကိုင်ဆောင်ထားပြီး ကျန်အမျိုးသား ၂ဦးမှာ ဓါးဦးချွန်များ ကိုင်ဆောင်ထားကာ အမျိုး သား ၁ဦးမှ ဦးခင်ထွန်းနှင့် မခင်ချမ်းမြေ့တို့အား ဓါးနှောင့်ဖြင့်ထုနှက်ခဲ့၍ ဦးခင်ထွန်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ချက်၊ ဝဲ-ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး သမီးဖြစ်သူတွင် နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ဓားပြတိုက်သူများသည် ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူများအား ယူဆောင်၍ စည်သာယာကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)