သန်လျင်ခရိုင် အခြေခံပညာအထက်တန်းဆင့်စွမ်းရည်မြှင့် မွန်းမံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်ခရိုင် အခြေခံပညာအထက်တန်းဆင့်စွမ်းရည်မြှင့် မွန်းမံသင်တန်းဖွင့်လှစ်





ရန်ကုန်၊ မတ် ၂၅

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် (ခရိုင်အဆင့်) စွမ်းရည်မြှင့်မွန်းမံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သန်လျင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။

အဆိုပါအခြေခံပညာအထက်တန်းဆင့် (ခရိုင်အဆင့်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် တံတားမြို့တို့မှ အထက်တန်းပြဆရာ ဆရာမ (၆၉၃) ဦးတို့ တက်ရောက်လျှက်ရှိပြီး သင်ကြားမှုစွမ်းရည်ထက်မြက်စေရန် အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် သင်တန်းအား ယနေ့မှ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးသီဟ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)