မိတ္ထီလာ၊ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၃၈.၀၉၆ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာနှင့် လယ်ကွက်အမှတ် ၈၃၁-၈၃၂သို့ ဆက်သွယ်သော ကုန်ထုတ်လမ်းအရှည် ၀/ ၆.၈၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ပေ ၉လက်မရှိ မြေသား+ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ပေ၊ ထု ၃ ပေရှိ Slab Culvert (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မလှိုင်မြို့နယ် မြို့ကုန်းကျေးရွာတွင် အရှည် ၁/ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ မြေသား+ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ပေ၊ ထု ၃ ပေရှိ Slab Culvert (၃) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြည့်ဝကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဝမ်းတွင်းမြို့နယ် ပျားစွဲ (န) ကျေးရွာ ကွင်းအမှတ် (၁၂၇)သို့ သွားသော အရှည် ၁/ ၅မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ပေ ၉လက်မရှိ မြေသား + ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ ထု ၃ ပေရှိ Slab Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို Myanmar New Power ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ ရာနှုန်းပြည့်ပြီးစီးဖြစ်၍ ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၂၁၀၃ အိမ် လူဦးရေ ၇၂၉၉ ဦး၏ စိုက်ပျိုးဧက ၁၀၅၂ ဧက နှင့် ၎င်းတို့ မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေ ၃၈၀၀ တို့အား အကျိုးပြုလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment