နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး၊ မနီလာမြို့မှ ကြီးမှူးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး၊ မနီလာမြို့မှ ကြီးမှူးကျင်းပ





မနီလာ၊ မတ် ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်း အနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး၊ မနီလာမြို့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Makati Diamond Residence ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော် က တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့ပြီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)  ဗိုလ်မှူးချုပ်ကျော်လင်းအောင်က တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ 

အခမ်းအနားသို့ မနီလာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့် သံတမန်များ၊ ဖိလစ်ပိုင်တပ်မတော်မှ အရာရှိကြီးများ၊ မနီလာမြို့အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ မြန်မာအသိုက်အဝန်းမိသားစုများ၊ မြန်မာသံရုံး၊ မနီလာမြို့နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)