ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် လက်ခံဖို့ ထရမ့်က အကြံပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် လက်ခံဖို့ ထရမ့်က အကြံပြု


မတ်- ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံမှ သွင်းကုန်များအပေါ် ပိုမိုမြင့်မားသော အခွန်စည်းကြပ်မှုကို တိုးမြှင့်မှာဖြစ်ပြီး သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်များကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆထပ်တိုး သွားမှာ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အဲ့ဒိနောက် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံကို သိမ်းပိုက်လိုကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး စည်းကြပ်ခွန်မတိုးစေချင်ရင် ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ကနေဒါနိုင်ငံကို အမေရိကန်ရဲ့  “မြတ်နိုးအပ်သော” ၅၁ခုမြောက် ပြည်နယ် ဖြစ်လာစေခြင်းပဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ 

ကနေဒါရဲ့ လူဦးရေအများဆုံးပြည်နယ်၊ အွန်တေရီယို ကနေ အမေရိကန်သို့ ဓာတ်အားတင်ပို့မှုအပေါ်  ကနေဒါဘက်က ၂၅ % အခွန်တိုးကောက်လိုက်ခြင်းအပေါ် လက်တုံ့ပြန်မှု အနေဖြင့် ထရမ့်က သူ့ရဲ့ ပလက်ဖောင်း Truth Social တွင်ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ "ကျနော့်ရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကို စတီးလ် နှင့် အလူမီနီယမ် အားလုံးကို ၅၀% အထိ နဲ့ ထပ်လောင်း စည်းကြပ်ခွန် ၂၅ % မှ ၅၀ % အထိ ကောက်ခံရန် ညွှန်ကြားထားပြီးပါပြီ။ အဲ့ဒါတွေ မဖြစ်စေချင်ရင်တော့ ကနေဒါက အမေရိကန်နဲ့ အတူတူရှိလိုက်ဖို့ပဲ လိုတာပါ" လို့ ထရမ့်ကပြောပါတယ်။  လက်ရှိဖြစ်နေတဲ့ ကုန်သွယ်ရေး စစ်ပွဲတွေမှာ အမေရိကန်နဲ့ ကနေဒါကြား ဖြစ်နေတဲ့ စစ်က အမြင့်ဆုံး ဖြစ်နေပါတယ်။  

အမေရိကန် နို့ထွက်ပစ္စည်း အမျိုးမျိုးအပေါ် “အမေရိကန် လယ်သမား ဆန့်ကျင်ရေး အခွန် ၂၅၀ ရာခိုင်နှုန်းမှ ၃၉၀ ရာခိုင်နှုန်း” တိုးလိုက်တာနဲ့ ပတ်သက်ပြီး  “မတရားသော စည်းကြပ်မှု” အဖြစ် အသုံးပြုနေတယ် ဆိုပြီး  ကနေဒါနိုင်ငံ ကို ထရမ့်က ပြစ်တင်လိုက်ပြီး ကနေဒါဘက်က လိုက်နာရန် ပျက်ကွက်ပါက "အဓိကအားဖြင့်၊ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကို အပြီးတိုင်ပိတ်ပစ်ရန်" အမိန့် ကို ထုတ်ဖို့အတွက် ပြင်ထားတယ်လို့  ကနေဒါကားထုတ်လုပ်ရေးအား ပစ်မှတ်ထားကာ နောက်ထပ်အရေးယူမှုများ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ထရမ့်က သတိပေးခဲ့ပါတယ်။ 

၂၀၂၄ ဒီဇင်ဘာလမှ စတင်၍ ထရမ့် နဲ့ သူရဲ့ရင်းနှီးသောအသိုင်းအဝိုင်းက ကနေဒါကို သိမ်းပိုက်ရန် စိတ်ကူးကို အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်။ ဒီအယူအဆကို ကနေဒါခေါင်းဆောင်တွေနဲ့ လူထုက ပယ်ချခဲ့ပါတယ်။ မကြာသေးမီက YouGov စစ်တမ်းတစ်ခုအရ ကနေဒါနိုင်ငံသား ၇၇ % က သိမ်းယူခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပြီး အချို့က ၁၅ % ကသာ ၎င်းကို ထောက်ခံကြောင်း အကြံပြုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)