တွံတေးမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၁၀၃၈)ဦး ဝင်ရောက်ဖြေဆိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၁၀၃၈)ဦး ဝင်ရောက်ဖြေဆိုမည်

 



တွံတေး , ​မတ် ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲတွင် တွံတေးမြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူ(၁၀၃၈)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၂) စာစစ်ဌာနတို့တွင် ဖြေဆိုကြရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ အတွင်း၊ အပြင် ဖြေဆိုမည့် ကျောင်းသား(၄၆၇)ဦး၊ ကျောင်းသူ(၅၇၁)ဦး စုစုပေါင်း(၁၀၃၈)ဦးတို့မှ သက်ဆိုင်ရာ ဘာသာတွဲမျာအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။


တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း(၂၁၅)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄) စုစုပေါင်း (၂၂၁)ကျောင်းရှိပြီး KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ( ၄၂၂၆၀)ဦး


တက်ရောက်ပညာသင်ကြားခဲ့ကြောင်း သိရှိရသည်။


တွံတေးသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)