အင်းစိန်၊ မတ် ၄
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တိုက်ကြီး မွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရူစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဝသုန် ငုံးမွေးမြူရေးခြံတွင် အကောင်ရေ လေးသောင်းငါးထောင် မွေးမြူထားရှိမှု၊ FAMILY MYANMAR ဥစားကြက်မွေးမြူရေးခြံတွင် အကောင်ရေနှစ်ထောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ MNT GROUP OF COMPANIES နို့စားနွားမွေးမြူရေးခြံတွင် အကောင်ရေသုံးဆယ့်လေးကောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ လင်းမြတ်မဟာ ဆိတ်မွေးမြူရေးခြံတွင် အကောင်ရေသုံးရာ မွေးမြူထားရှိမှုအားလည်းကောင်း၊ National Wood ဒေသနွားမွေးမြူရေးခြံတွင် အကောင်ရေ ရှစ်ဆယ့်နှစ်ကောင် မွေးမြူထားရှိမှုနှင့် အကောင်ရေတိုး၍ ဆက်လက်မွေးမြူနိုင်ရေးအတွက် အဆောက်အဦအသစ် ဆောက်လုပ်နေသည့် အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းလုပ်ကိုင်သူများက တင်ပြချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment