အီးယူ ထိပ်သီးအစည်းအဝေး ဖိတ်ကြားချက်ကို တရုတ်သမ္မတ ပယ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီးယူ ထိပ်သီးအစည်းအဝေး ဖိတ်ကြားချက်ကို တရုတ်သမ္မတ ပယ်ချ


မတ် - ၁၇ ( တနင်္လာနေ့ ) 

ဘရက်ဆဲလ်မှာ ကျင်းပမယ့် တရုတ် - ဥရောပသမဂ္ဂ ကုန်သွယ်မှု ဆက်ဆံရေး နှစ်၅၀ပြည့် ရွှေရတုပွဲသဘင် ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားရာမှာ  ရှီက အဲ့ဒိဖိတ်ကြားချက်ကို ပယ်ချလိုက်ပါတယ်။ 

ဘေဂျင်းအစိုးရ နှင့် ဘရပ်ဆဲလ်အဖွဲ့တို့ကြား တင်းမာမှုများ ကြီးထွားလာချိန်တွင် တရုတ်ခေါင်းဆောင်၏ အစီရင်ခံ တင်ပြချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ပြီးခဲ့သောနှစ်တွင်၊ တရုတ်နှင့် အီးယူတို့သည် အီးယူက တရုတ်ထုတ်ကုန်များ ကိုလက်မခံတာရယ်၊ တရုတ်တွေက စက်မှုထုတ်ကုန်တွေကို အလွန်အကျွံ ထုတ်နေတယ် ဆိုပြီးစွတ်စွဲတာနဲ့ ပတ်သက်ပြီး ထိပ်တိုက်တွေ့ခဲ့ပါတယ်။ တင်းမာမှုနောက်ဆက်တွဲအနေနဲ့ တရုတ်ကုန်ပစ္စည်း တွေအပေါ် အီးယူက အခွန်ကောက်ခံမှု တိုးမြှင့်ခဲ့ပြီး တရုတ်ကလည်း အီးယူသွင်းကုန်တွေအပေါ် လက်တုံ့ပြန် အခွန်တိုးမြှင့်ကောက်ခံခဲ့တဲ့ လှိုင်းလုံးကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ 

ရှီအစား တရုတ်ဝန်ကြီးချုပ် လီချန်က ဥရောပကောင်စီ နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌများ ကို တွေ့ဆုံမည် ဖြစ်ကြောင်း အီးယူအရာရှိများကို ဘေဂျင်းက အသိပေးခဲ့ပါတယ်။  ဝန်ကြီးချုပ် လီက ဘရပ်ဆဲလ်တွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးကို များသောအားဖြင့် တက်ရောက်လေ့ရှိပြီး သမ္မတက ဘေဂျင်းတွင် လက်ခံကျင်းပတဲ့ ပွဲမျိုးမှသာ တက်ရောက်ပါတယ်။ သို့သော်လည်း ယခုအကြိမ်တွင် အီးယူသည် ရာစုနှစ်တစ်ဝက် သံတမန်ဆက်ဆံရေး၏ အရေးပါသည့် ဆွေးနွေးပွဲကို တက်ရောက်ရန် ရှီအား အလိုရှိကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။ 

“ဒီနှစ် EU-China ထိပ်သီးအစည်းအဝေး ကျင်းပမယ့်ရက်နဲ့ ကိုယ်စားပြုအဆင့်နဲ့ ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ အီးယူမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပေမဲ့ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပေးအပ်ရန်အချက်အလက်များမရှိကြောင်း တရုတ်ဝန်ကြီးဌာနက ပြောကြားထားပါတယ်။   

အီးယူနှင့် တရုတ်တို့ကြား တင်းမာမှုများ ပြင်းထန်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ၂၀၂၂ ယူကရိန်း ပဋိပက္ခမှာ မော်စကိုအား ဘေဂျင်းက ထောက်ပံ့နေတယ်လို့ အီးယူက စွပ်စွဲမှုနဲ့လည်း ဆိုင်ပါတယ် ။  


REF : RT                                   

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)