မြိုင် , မတ် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၆၅ ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေတစ်ဦးလျှင်၂၀၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်ထောက်ပံ့ခဲ့ပြီး ထောက်ပံ့ငွေရရှိသည့် ပြည်သူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲကြကြောင်း သိရသည်။
မယ်ခွေ
https://t.me/MyanmarNationalPost
No comments:
Post a Comment