ကာကွယ်ရေးစရိတ်တိုးမြှင့်ဖိုအတွက် ဥရောပသမဂ္ဂ ခွင့်ပြုလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးစရိတ်တိုးမြှင့်ဖိုအတွက် ဥရောပသမဂ္ဂ ခွင့်ပြုလိုက်ပြီ


မတ် - ၈ ( စနေနေ့ ) 

ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရန်အတွက် ယူရိုဘီလီယံပေါင်းများစွာကို အသုံးပြုရန် ကြီးမားသော စစ်ရေးအသုံးစရိတ်အစီအစဉ်ကို ဥရောပသမဂ္ဂ (အီးယူ) မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။  ကြာသပတေးနေ့က ဘရပ်ဆဲလ်မြိုhတွင်ပြုလုပ်ခဲ့သည့် အရေးပေါ် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် အတည်ပြုခဲ့ တာပါ။ အဆိုပါ ပဏာမခြေလှမ်းသည် ယူကရိန်းအစိုးရအား အမေရိကန်၏ စစ်ရေးအကူအညီများ ရပ်ဆိုင်း သွား ပြီးနောက် အကူအညီများ ဆက်လက်ပေးအပ်ရန် ရည်မှန်းထားခြင်းဖြစ်ပါတယ်။

ReArm Europe ဟုခေါ်သော အစီအစဉ်အရ အီးယူရဲ့ ကာကွယ်ရေးအသုံးစရိတ်သည် ယူရို ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄၀ ဘီလီယံ) အထိ တိုးမြှင့်သွားမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်က အီးယူသုံးခဲ့တဲ့  ကာကွယ်ရေး အသုံးစရိတ်၏ နှစ်ဆဖြစ်ပါတယ်။ အဆိုပါ စီမံချက်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန် က လာမည့်သီတင်းပတ်များအတွင်း တရားဝင် အဆိုပြုချက်နှစ်ခုအဖြစ် တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ 

အီးယူခေါင်းဆောင် ၂၇ ဦးက ဘတ်ဂျက်ကန့်သတ်ချက်များကို ဖြေလျှော့ရန် နဲ့ အဖွဲ့ဝင်နိုင်ငံများအား စစ်ရေးစရိတ်များ တိုးမြှင့်ခွင့်ပြုရန် သဘောတူညီခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် နိုင်ငံတော်အဆင့်တွင် သိသာထင်ရှားသော ကာကွယ်ရေးအသုံးစရိတ်ကို လွယ်ကူချောမွေ့စေရန် ယန္တရားအသစ်များကို ရှာဖွေရန် ဥရောပကော်မရှင်ကို တောင်းဆိုခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ အီးယူ၏ အမှုဆောင်အဖွဲ့က အဆိုပါ အတိုင်းအတာသည် ယူရို ၆၅၀ ဘီလီယံဝန်းကျင် နဲ့ စဖွင့်ပြီး သုံးရန်ခန့်မှန်းထား သော်လည်း အစိုးရများသည် ဤဘဏ္ဍာရေးအခက်အခဲကို အပြည့်အဝအသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။   

အီးယူခေါင်းဆောင်များသည် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး၊ အမြောက်နှင့် ဒရုန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုအတွက် ယူရို ၁၅၀ ဘီလီယံ ချေးငွေအစီအစဉ်အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ရယူကာ အီးယူ ရုံးချုပ်ဝန်ထမ်းများအား "အရေးပေါ်ကိစ္စအဖြစ် စစ်ဆေးရန်" တိုက်တွန်းခဲ့ပါတယ်။ 


REF - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)