ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ် နတ်မော်သမဝါယမအသင်းမှ တောင်သူများအား တွေ့ဆုံမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ် နတ်မော်သမဝါယမအသင်းမှ တောင်သူများအား တွေ့ဆုံမှာကြား



နေပြည်တော်၊ မတ် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာသို့ သွားရောက်ပြီး နတ်မော်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားအသင်းသူများနှင့် တွေ့ဆုံသည်။

မှာကြား

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ဆောင်ပေါ်ဆန်းစပါးမျိုး ပြန်လည်ထွန်းကားရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် မြေပဲ၊ နှမ်းများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားသည်။

ယင်းနောက် အသင်းသားအသင်းသူများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဧရာ့အားမန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အမှုဆောင်များနှင့်တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆိုင်ရာလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)