နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေး တက်ရောက်



နေပြည်တော်၊ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပပြုလုပ်ရာနေရာသို့ ကြွရောက်တော်မူကြမည့် စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးကို သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျစီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျင်းပဆောင်ရွက်လျက်ရှိသည့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်စာမေးပွဲစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရေး၊ စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သတ်၍  ဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပနိုင်ရေး အစီအမံများကို ရှင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


အောင်သူရဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)