နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းစိန်မြို့နယ် အမြင်သစ်စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းစိန်မြို့နယ် အမြင်သစ်စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ





ရန်ကုန်၊ မတ်လ ၂၀

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့သစ်(ဂ)ရပ်ကွက်၊ ငစိန်လမ်းရှိ အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စာကြည့်တိုက်အဆောက်အဦသစ်ကို ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ မြို့သစ် (ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇင်နှင့် အမြင်သစ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအုန်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အမြင်သစ်စာကြည့်တိုက် အဆောက်အဦမတည်အလှူငွေသိန်း(၇၀၀)နှင့် ပရိဘောဂပစ္စည်းများအတွက် အလှူငွေကျပ်(၅၅၈၇၀၀၀)သိန်းကို ပေးအပ်ရာအမြင်သစ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအုန်းရွှေက လက်ခံရယူခဲ့သည်။

ထို့နောက် အလှူရှင်များမှ လှူဒါန်းငွေနှင့် သုတရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေကျပ် သိန်း(၇၀၀)အပါအဝင်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေကျပ်(၁၈၀၄၆၀၀၀ )သိန်း စုစုပေါင်း ငွေကျပ်(၈၈၀၄၆၀၀၀)ဖြင့် အမြင့်(၂၀)ပေ၊  အလျား(၁၇)ပေနှင့် အနံ(၅၂)ပေခွဲကို Father Country Company Limited မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်တွင်လည်း သုတရသစာအုပ်စာစောင် (၂)သောင်းကျော်တို့ဖြင့်  စာဖတ်ပရိတ်သတ်များကို နေ့စဥ်ငှားရမ်းပေးလျက်ရှိကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)