နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူ




ရန်ကုန်၊ မတ် ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များမှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကပ်လှူသည့် ရွှေပြားသင်္ကန်းတော် (၆) ကျပ်သား (၂) ချပ်နှင့် (၁) ကျပ်သား (၁၃) ချပ်တို့အတွက် အလှူငွေ ကျပ် ၆၂,၅၀၀,၀၀၀/- (ကျပ်ခြောက်ရာနှစ်ဆယ့်ငါးသိန်းတိတိ)ကို  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ထံ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို  ၂၀-၃-၂၀၂၅ ရက် (ကြာသပတေးနေ့) နံနက် (၀၈၀၀) နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းတန်ဆောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အလှူတော်ငွေ ကျပ် ၆၂၅ သိန်း တန်ဖိုးရှိ ရွှေပြားသင်္ကန်းတော် (၁၅) ချပ်ကို ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ရာ ဘုရားဂေါပကအဖွဲ့က  ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များသည် ရွှေသင်္ကန်း (၆) ကျပ်သား (၂) ချပ်ကို  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူး၌လည်းကောင်း၊ ရွှေသင်္ကန်း (၁) ကျပ်သား (၁၃) ချပ်ကို အထက်ပစ္စယံ (၈) မြောက်ဘက်၌လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)