အင်္ဂါနေ့ကျရင် ယူကရိန်းကိစ္စ ပူတင်နဲ့ စကားပြောမယ်လို့ ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂါနေ့ကျရင် ယူကရိန်းကိစ္စ ပူတင်နဲ့ စကားပြောမယ်လို့ ထရမ့်ဆို


မတ် - ၁၇ ( တနင်္လာနေ့ ) 

ယူကရိန်းနဲ့ အပစ်ရပ်ရေး ကိစ္စကိုစေ့စပ်ညှိနှိုင်ဖို့အတွက် မနက်ဖြန်ကျရင် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောဖို့ရာ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ညက ပြောလိုက်ပါတယ်။ 

သမ္မတလေယာဉ် အဲဖို့ဒ်ဝမ်းပေါ်က အဆင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတော့ ထရမ့်က ကျနော်တို့ အဆင်ပြေပါတယ်။ ရုရှားနဲ့ ညှိနှိုင်းဖို့အတွက်က ပြီးခဲ့တဲ့ သီတင်းပတ်လုံးလုံး ကျနော်တို့ အတော်လေး အလုပ်ရှုတ်ခဲ့ရပါတယ်။ အခုတော့ ပြီးသလောက်ဖြစ်နေပါပြီ “ လို့ ဆိုသွားပါတယ်။ 

"သိသင့်တယ် ထင်တဲ့ဟာတွေကို ကြေညာပေးသွားမှာပါ။ အင်္ဂါနေ့လောက်ဖြစ်မယ်ထင်တယ်" ဘာအကြောင်းတွေကို အဓိကဆွေးနွေးမှာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး နျူကလီယား စီမံကိန်းတွေနဲ့ ကုန်းမြေ ပိုင်ဆိုင်မှုတွေ ဖြစ်မှာပါ လို့ဖြေသွားပါတယ်။ ဥရောပကိုစိုးရိမ်မှုတွေ မြှင့်တက်စေတဲ့ ရုရှားအစိုးရရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး ၃ နှစ်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပေးမယ်လို့ ထရမ့်အစိုးရက ကြောညာထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ယူကရိန်းအစိုးရက အမေရိကန်နဲ့ ရုရှားတို့ညှိထားတဲ့ ရက် ၃၀ ကြာ အပစ်ရပ်ရေး ကိစ္စကို သဘောတူညီထားပါတယ်။ ကြာသပတေးနေ့ကတော့ ပူတင်က ယူကရိန်းအနေနဲ့ အနောက်နိုင်ငံတွေက လက်နက်အကူအညီမယူဖို့နဲ့ ယူကရိန်းစစ်သားတွေ နောက်ပြန်ဆုတ်ဖို့ကိစ္စကို သဘောမတူရင်တော့ နောက်ထပ်လုပ်မယ့် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး စကားမရှိဘူးလို့ ဆိုထားပါတယ်။ နောက်ပြီး ဆွေးနွေးပွဲတွေလုပ်မယ်ဆိုရင် အကြိုချထားတဲ့ သဘောတူညီချက်တွေအတိုင်းပဲ လုပ်မယ်လို့ ပြောပါတယ်။ 

ရုရှားက ခရိုင်းမီးယား အပါအဝင် ယူကရိန်းပိုင်မြေ ၂၀% လောက်ကို ထိန်းချုပ်ထားပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး  ယူကရိန်းသမ္မတ ဇီလန်စကီးက "ကျနော်တို့ဘက်ကတော့ သံတမန်ရေးရာကိစ္စတွေအားလုံး လုပ်နိုင်သလောက်လုပ်ထားပါတယ်။ သံခင်းတမန်ခင်းတွေကို အကျိုးရှိရှိဖြစ်အောင်လုပ်နေပေမဲ့ နေတိုင်း ကျနော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ပြင်ဆင်နေရပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး။ ကျနော်တို့ရဲ့ အချုပ်အခြာနဲ့ ကျနော်တို့ရဲ့မြေတွေကို ကာကွယ်နေရပါတယ်။ အဲ့ဒိလိုလုပ်ဖို့ ကျနော်တို့ရဲ့ စစ်တပ်၊ လုံခြုံရေးအင်အားစုတွေ ကို အင်အားမချိနဲ့အောင် ထောက်ပံ့မှုတွေကတော့ လုပ်နေရဦးမှာပါ" လို့ သောကြာနေ့ညပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောသွားပါတယ်။ 


REF : UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)