မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip-EP)အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip-EP)အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ




မိတ္ထီလာ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip-EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်မော်မော်က ကျေးဇူးတင်စကား ပြောကြားခဲပြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး၊ မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် သင်တန်းသား ခေါင်းဆောင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip-EP) အမှတ်စဉ် (၁/၂၀၂၅)ကို  အရည်အသွေးပြည့်ဝသော ဆရာဆရာများ ပေါ်ထွက်လာစေရန် မူလတန်းအဆင့်သင် ဆရာ/ ဆရာမများအား ဘာသာရပ်အားလုံးအတွက် အရည်အသွေးမြင့်မားသော သင်ပြနည်းများကို ကျွမ်းကျင်စွာရရှိစေရန်၊  သင်ပြနည်းများကို ကျွမ်းကျင်းစွာ ရရှိပြီးနောက် လက်တွေ့သင်ကြားရေး နယ်ပယ်တွင် အသုံးချနိုင်ရန်နှင့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေပြီး ရိုးရိုးဘွဲ့ ရရှိထားသော မူလတန်းဆင့်သင် ဆရာဆရာမများအား ဒီပလိုမာလက်မှတ်များ ချီးမြှင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ၎င်းသင်တန်းကို မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ သင်တန်းသားသင်တန်းသူ ၁၅၀၀ ဦးအား မိတ္ထီလာပညာရေးဒီဂရီကောလိပ်နှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတို့တွင် မတ်လ ၂၄ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ကျောင်းများတွင် တန်းပြပြန်လည်ဆင်းရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဒေါ်မော်မော်ထံမှ သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)