ပြင်ဦးလွင်၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Diploma in Education and Pedagogy – Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ပြင်ဦးလွင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Diploma in Education and Pedagogy – Dip.EP) အမှတ်စဉ်(၁/၂၀၂၅) သင်တန်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သင်တန်းကာလ (၄၉) ရက်တိတိ ပြင်ဦးလွင်မြို့၊ အ.ထ.က(၁)တွင် သင်တန်းသား (၄၀၀)ဦးနှင့် အ.ထ.က (၄)တွင် သင်တန်းသား(၂၅၇)ဦး၊ စုစုပေါင်း(၆၅၇)ဦးတို့ကို ပညာရေးကောလိပ်မှ နည်းပြများနှင့်အတူ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မဟာပညာရေးဘွဲ့ရ ဆရာမ (၁၅)ဦးတို့ဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခရိုင်
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment