ဒူတာတေ တစ်ယောက်တော့ ICC ရှိရာ သည်ဟေ့ဂ်ကို ရောက်သွားပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒူတာတေ တစ်ယောက်တော့ ICC ရှိရာ သည်ဟေ့ဂ်ကို ရောက်သွားပြီ


မတ် - ၁၃ ( ကြာသပတေးနေ့ ) 

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား The Hague သို့  လေယာဉ်ဖြင့် ပို့ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ ချုပ်နှောင်မှုတွင် ထားရှိလိုက်ပြီလို့သိရပါတယ်။ သူ့ကို သူ့ရဲ့သမ္မတသက်တမ်းအတွင်း ကျူးလွန်ခဲ့တဲ့  'မူးယစ်ဆေးဝါးစစ်ပွဲ' နှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ဖမ်းဆီးချုပ်နှောင်လိုက်တာပါ။ 

ဒူတာတေးကို မနီလာ နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်အကြာ ဗုဒ္ဓဟူးနေ့မှာ ICC အမိန့်အရ နယ်သာလန်နိုင်ငံကို လေယာဉ်နဲ့ ပို့ လိုက်တာပဲဖြစ်ပါတယ်။  ဗုဒ္ဓဟူးနေ့ ICC ထုတ်ပြန်ချက်တစ်ခုတွင် ဒူတာတေ က သူကိုယ်တိုင်အဖမ်းခံခဲ့ပြီး  ကြားနာစစ်ဆေးမှုကို “တရားမျှတသောနည်းလမ်းဖြင့်လုပ်ပေးဖို့” ချိန်းဆိုထားကြောင်း သိရပါတယ်။  အင်္ဂါနေ့က ICC သည် ၂၀၁၁ မှ ၂၀၁၉ အတွင်း ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော လုပ်ရပ်များအတွက် ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ နိုင်ငံတကာ မီဒီယာတွေက အတည်ပြု ထားပါတယ်။ ၂၀၁၆ သမ္မတဖြစ်လာပြီးနောက် ဒူတာတေက အစိုးရအရာရှိများကို အန္တရာယ်ရှိတယ်လို့ ယူဆပါက မူးယစ်ဆေးဝါးရောင်းသူ၊ လက်ဝယ်ရှိသူ နဲ့ သုံးစွဲတယ်လို့ သံသယရှိသူတိုင်းကို သတ်ပစ်ရန် အမျိုးသားရဲဌာနကို အမိန့်ပေးခဲ့ပြီး တရားမဝင် မူးယစ်ဆေးဝါးများကို နှိမ်နင်းမယ်လို့ ကတိပြုကာ မူးယစ်ဆေးဝါးစစ်ပွဲကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ICC သည် ၂၀၁၈ ခုနှစ်တွင် ဒူတာတေ ၏မူးယစ်ဆေးဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် ပဏာမစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် ထောင်ပေါင်းများစွာသော တရားလက်လွတ်ကွပ်မျက်မှုနှင့် သံသယရှိသူ မူးယစ်ဆေးရောင်းဝယ်သူများအပေါ် အခြားရက်စက်ကြမ်းကြုတ်သောနည်းပရိယာယ်များကို အသုံးပြုခဲ့တယ်လို့ တရားရုံးမှ ကနဦးစစ်ဆေးခဲ့ပြီး ဒူတာတေ သည် အဆိုပါလုပ်ရပ်များကို လုံးလုံးလျားလျား ကျောထောက်နောက်ခံပေးခဲ့ပါတယ်။  

အန်ဂျီအိုအဖွဲ့တွေကတော့ အာဏာပိုင်များသည် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့သူများကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့သည် မိမိကိုယ်ကို ခုခံကာကွယ် တဲ့ အခါမှသာ အကြမ်းဖက်နှိမ်နင်းမှုကို အသုံးပြု တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒူတာတေ က သူ မှားယွင်းမှု မရှိကြောင်း ငြင်းဆိုသော်လည်း ဖြိုခွင်းမှုမှာ သွေးထွက်သံယိုမဖြစ်ဘူးဆိုတာ မဟုတ်ကြောင်း ဝန်ခံထားပါတယ်။  ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း လူပေါင်း ၆၂၀၀ ခန့် သေဆုံးခဲ့ကြောင်း တရားဝင် အစီရင်ခံစာများက ဖော်ပြထားသော်လည်း လေ့လာသူများက အဲ့ဒိပစာဏထက် များစွာ မြင့်မားနိုင်ကြောင်း အကြံပြုထားပါတယ်။ 

“ဖိလစ်ပိုင်တွေ နည်းနည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်စေဖို့ အချိန်နဲ့အမျှ အရာအားလုံးကို ကျနော် လုပ်ခဲ့တယ်။ ကျနော့်အပြစ်ကဘာလဲ။"လို့ ဒူတာတေပြောခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုက အွန်လိုင်းမှာပျံ့နေပါတယ်။ ဒူတာတေရဲ့ သမီးကြီး ဆာရာကတော့ ICC နယ်သာလန်မြို့တော် အမ်စတာဒမ်မြို့ကို ထွက်သွားပါပြီ။ ဒူတာတေးရဲ့ ညွှန်ကြားချက်အရ ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်တွင် ICC မှ တရားဝင်နုတ်ထွက်ကြောင်း ထောက်ပြကာ ဖမ်းဆီးခြင်းအား ဥပဒေနှင့်မညီဟု လူ့အခွင့်အရေး ထောက်ခံသူများက ရှုတ်ချခဲ့သည်။ ICC ကလည်း ဖိလစ်ပိုင်က တရားရုံးတွင် လက်မှတ်ရေးထိုးထားစဉ်ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအပေါ် စီရင်ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ 


REF - RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)