ဒူတာတေကိုဖမ်းဖို့ ICC က ဖိလစ်ပိုင်အိမ်ကြက်ချင်းခွပ်တာကို အခွင့်ကောင်းယူခဲ့တယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒူတာတေကိုဖမ်းဖို့ ICC က ဖိလစ်ပိုင်အိမ်ကြက်ချင်းခွပ်တာကို အခွင့်ကောင်းယူခဲ့တယ်လို့ ဆို


မတ် - ၁၄ ( သောကြာနေ့ ) 

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဟောင်း ရိုဒရိဂို ဒူတာတေကို ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) က ဖိလစ်ပိုင်ရဲ့ နိုင်ငံရေးပါဝါ အင်အားအကြီးဆုံး မိသားစုနှစ်စုကြား ရန်ဖြစ်နေမှုကနေ အခွင့်ကောင်းယူခဲ့တယ်လို့ အာဆီယံလူငယ်အဖွဲ့မှ ဒန်နီရယ် ဟူဂို ဆန်းတို့စ် ကပြောသွားပါတယ်။ 

ICC သည် ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ်တွင် စတင် စုံစမ်း စစ်ဆေးခဲ့ပြီး ဒူတာတေးအား ရာထူးသက်တမ်း ကုန်ဆုံးပြီး သုံးနှစ်အကြာ ဇန်နဝါရီလတွင် ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။  ဟူဂိုဆန်းတို့စ်ရဲ့ အဆိုအရ လက်ရှိခေါင်းဆောင် ဘောင်ဘောင်မားကိုစ် နဲ့ သမ္မတဟောင်း ဒူတာတေ မိသားစုကြား အကွဲအပြဲ က  ICC လုပ်ငန်းစဉ်ကို အရှိန်မြှင့်စေခဲ့တယ်လို့ သိရပါတယ်။

အာဏာအရှိဆုံး နိုင်ငံရေး မျိုးဆက်နှစ်ဆက်ကို ကိုယ်စားပြုသည့် ဒူတာတေနဲ့ မားကိုစ် တို့ကြား ရန်လိုမှုတွေက  ပုဂ္ဂိုလ်ရေး စွပ်စွဲမှုများနှင့် မူဝါဒ သဘောထားကွဲလွဲမှုများကြောင့် အစပျိုးခဲ့ပါတယ်။ ဒူတာတေမိသားစုက မားကို့စ်မိသားစုအား အာဏာနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအား အားပေးအားမြှောက်ပြုနေတယ်လို့ စွပ်စွဲခဲ့တဲ့ အပြင် ဒူတာတေရဲ့သမီး ဒုသမ္မတဆာရာဒူတာတေ က သမ္မတမားကိုစ် နှင့်မိသားစုအား သတ်ဖြတ်ပစ်မယ်လို့ လူသိရှင်ကြားခြိမ်းခြောက်ခဲ့ပြီး သမ္မတကို စွပ်စွဲပြစ်တင်မှု လုပ်ရန် စတင်ခဲ့ပါတယ်။ 

ICC က ခွချက်လုပ်တဲ့ သဘောမျိုးနဲ့ “ကမ္ဘာ့တောင်ဘက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ” ကဲ့သို့သော “အလွယ်ဆုံး ပစ်မှတ်များ” ကို ရွေးချယ်ခဲ့တယ်လို့ ဆန်းတို့စ် က ပြောပါတယ်။  အသက် ၇၉ နှစ်ရှိ ဒူတာတေးအား မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိန်းသိမ်းထားပြီး သည်ဟေ့ဂ် သို့ လေယာဉ်ဖြင့်ပို့ကာ ICC ၏ ချုပ်နှောင်မှုတွင် ဗုဒ္ဓဟူးနေ့က စထားခဲ့ပါတယ်။ ဒူတာတေကို ၎င်း၏သမ္မတသက်တမ်း ၂၀၁၆ မှ ၂၀၂၂ အတွင်း 'မူးယစ်ဆေးဝါးစစ်ပွဲ' နှင့် ဆက်နွှယ်နေသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် စွပ်စွဲခံထားရပါတယ်။ 


REF: RT                    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)