ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာ ကောင်စီဥက္ကဋ္ဌ Mr. Pavel Nikolesevich GUSEV နှင့်အဖွဲ့ စစ်သမိုင်းပြတိုက်အားလေ့လာ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာ ကောင်စီဥက္ကဋ္ဌ Mr. Pavel Nikolesevich GUSEV နှင့်အဖွဲ့ စစ်သမိုင်းပြတိုက်အားလေ့လာ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးနှင့်တွေ့ဆုံ


နေပြည်တော်၊ မတ် ၂၇

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သော ကိုယ်စား လှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့်အတူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr Pavel Nikoleaevich GUSEV နှင့်အတူ ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာသည့် အခြေအနေများ၊ ပြည်သူ့ရေးရာကောင်စီ အနေဖြင့် ရုရှားတပ်မတော်နှင့်ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ လေ့လာရေးခရီးစဉ်များအဖြစ် နှစ်နိုင်ငံလူငယ်များကို အပြန် အလှန်စေလွှတ်ပေးရေး အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့ရေးရာကောင်စီမှ လာရောက်လေ့လာနိုင်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာ ကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)ရှိ ပြခန်းများအား လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)