နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့ ထီးလိုမင်းလိုဘုရား ဖူးမြော်ကြည်ညို၊ ယွန်းပညာကောလိပ်(ပုဂံ)၌ ယွန်းလုပ်ငန်းပြုလုပ်ပုံအဆင့်ဆင့်အား လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့ ထီးလိုမင်းလိုဘုရား ဖူးမြော်ကြည်ညို၊ ယွန်းပညာကောလိပ်(ပုဂံ)၌ ယွန်းလုပ်ငန်းပြုလုပ်ပုံအဆင့်ဆင့်အား လေ့လာ






ညောင်ဦး၊ မတ် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားဖူးမြော်ပြီး ယွန်းပညာကောလိပ်(ပုဂံ)သို့ သွားရောက်လေ့လာသည်။

နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်ဇနီး၊ Mr.Atul Aneja နှင့်ဇနီးတို့သည် တည်းခိုရာ သီရိပစ္စယာဟိုတယ်မှထွက်ခွာ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကြီးသို့ရောက်ရှိကြကာ ဘုရားကြီးအား ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် ထီးလိုမင်းလိုဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က Mr.Madhav Kumar Nepal နှင့်ဇနီး၊ Mr.Atul Aneja နှင့်ဇနီးတို့အား ဘုရားကြီးပုံတော် လက်ဆောင်ပေးအပ်သည်။ ထို့နောက် ဘုရားကြီးသမိုင်းကြောင်းနှင့် ဘုရားကြီးအမိုးခုံး နံရံဆေးရေးပန်းချီများ ရေးဆွဲထားရှိမှု၊ ဘုရားကြီးတည်ဆောက်ပုံ ဗိသုကာလက်ရာသေသပ်ကောင်းမွန်မှုတို့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်မြင့်က ရှင်းလင်းပြသသည်။ ဆက်လက်၍ ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)သို့ရောက်ရှိကြပြီး ယွန်းနှီးစဉ်ခန်းမအတွင်း ယွန်းပညာကောလိပ် ကျောင်းသား၊ ကျောင်းသူများ၊ ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင့်ပြုလုပ်နေမှုတို့အား ကြည့်ရှုလေ့လာကြရာ ယွန်းပညာကောလိပ်(ပုဂံ)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်က ယွန်းလုပ်ငန်းအဆင့်ဆင့်ပြုလုပ်ပုံ၊ ရှေးခေတ်မြန်မာများ ယွန်းထည်စတင်အသုံးပြုခဲ့ပုံတို့အား ရှင်းလင်းပြသသည်။ ဆက်လက်၍ Mr.Madhav Kumar Nepal နှင့်ဇနီးအဖွဲ့သည် ယွန်းပြတိုက်ရှိ အထူးပြခန်း၊ နိုင်ငံတကာယွန်းပစ္စည်းပြခန်း၊ ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင်ပြခန်း၊ လူမှုရေးအသုံးအဆောင် ယွန်းပစ္စည်းပြခန်းရှိ ခေတ်အဆက်ဆက် ရှေးဟောင်းယွန်းထည်ပြသထားမှုတို့အား လေ့လာကြပြီး ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ယွန်းထည်ပစ္စည်းအမျိုးမျိုးပြုလုပ်ပြီး ရောင်းချနေသည့် ယွန်းလက်မှုပစ္စည်းအရောင်းဆိုင်အား ကြည့်ရှုလေ့လာကြသည်။ ဆက်လက်၍ ဦးဘငြိမ်း၊ ယွန်းပစ္စည်းအရောင်းဆိုင်သို့ ကြည့်ရှုလေ့လာကြသည်။

Mr.Madhav Kumar Nepal နှင့်အဖွဲ့တို့အား လေဆိပ်နားနေခန်းမဆောင်၌  ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာခဲ့သည့် (၂)ရက်တာအတွင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းဖိုင်တို့အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)