ကွတ်ခိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများကို TNLA အကြမ်းဖက်အဖွဲ့က ဖမ်းဆီး၊ လူကို ပြန်လွှတ်ပေးသော်လည်း ငွေနှင့် လက်နက်များ ရယူထားလိုက်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများကို TNLA အကြမ်းဖက်အဖွဲ့က ဖမ်းဆီး၊ လူကို ပြန်လွှတ်ပေးသော်လည်း ငွေနှင့် လက်နက်များ ရယူထားလိုက်ကြောင်း သိရ


ကွတ်ခိုင်၊ မတ် ၂၁

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် လက်နက်ခဲယမ်း လာဝယ်သည့် စစ်ကိုင်း PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများကို TNLA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

မတ်လ ၁၆ ရက်တွင် ကွတ်ခိုင်မြို့သို့ လက်နက်ခဲယမ်းများ လာဝယ်သည့် စစ်ကိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၁၀ ဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် TNLA အကြမ်းဖက်အဖွဲ့မှ ကွတ်ခိုင်မြို့ပြင်ရှိ ထမင်းဆိုင်နေရာတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငွေသား ကျပ်သိန်း ၁ ထောင်ကျော်၊ Star Link စတားလင့် ဝိုင်ဖိုင်စက်နှင့် ဖုန်းတို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“TNLA စစ်သားတွေ ရှုပ်ရှုပ်ရှက်ရှက် ဖြစ်နေတာတွေ့လို့ သူတို့ကိစ္စဖြစ်နေတဲ့ နေရာနား မနီးမဝေးကနေ သွားကြည်ခဲ့တာ။ သူတို့ကတော့ စစ်ကိုင်းဘက်ကနေ တက်လာပြီး လက်နက်တွေ လာဝယ်တဲ့ PDF တွေလို့ ပြောတယ်။ ပြီးတော့ ပြည်သူတွေကို လက်နက်အရောင်းအဝယ်တွေ ပေးမလုပ်ဘူးလို့ ပြောလိုက်သေးတယ်။ သူတို့ပဲ အရောင်းအဝယ် လုပ်တာလေ”ဟု ဖြစ်စဉ်သိရှိသူ ကွတ်ခိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက ရှမ်းသတင်းဌာနတစ်ခုကို ပြောသည်။

ထိုဖမ်းဆီးထိန်းသိမ်းခံရသည့် PDF အကြမ်းဖက်သမား ၁၀ ဦးကို TNLA မှ ပြန်လွှတ်ပေးခဲ့သော်လည်း ငွေသားများနှင့် လက်နက်များကို ဆက်လက်သိမ်းဆည်း ထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် TNLA မှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် ၎င်း စစ်ကိုင်း PDF အကြမ်းဖက်သမား ၁၀ ဦးမှာ အပြန်လမ်း မန်တုံမြို့နယ်တွင်လည်း မတ်လ ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်၌ မန်ပန်ရွာအနီး TNLA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးစစ်ဆေးမှုကို ထပ်မံကြုံတွေ့ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ရှမ်းပြည်(မြောက်ပိုင်း)တွင် TNLA, MNDAA အကြမ်းဖက်အဖွဲ့များနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ပေးခဲ့ကြပြီး နောက်ပိုင်းတွင် TNLA အကြမ်းဖက်အဖွဲ့ဝင်များက မဖွယ်မရာလုပ်ရပ်များ လုပ်ဆောင်ခြင်းကြောင့် TNLA နှင့် PDF အချင်းများသည့် ရုပ်သံများ ထွက်ပေါ်လာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)