သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်သွား လမ်းပိုင်းရှိ TNLA/PDF အကြမ်ဖက်စခန်းကို တပ်မတော်စစ်ကြောင်းများ ရှင်းလင်းသိမ်းပိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်သွား လမ်းပိုင်းရှိ TNLA/PDF အကြမ်ဖက်စခန်းကို တပ်မတော်စစ်ကြောင်းများ ရှင်းလင်းသိမ်းပိုက်






မန္တလေး၊ မတ် ၂၀ 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားလမ်းပိုင်း ၊ ရေညာဦးရွာ ဘုရားကုန်း၌ ခြေကုပ်ယူထားသည့်  TNLA/PDF စခန်းကို ဒု-တပ်ရင်မှူး ဦးဆောင်ပြီး တပ်မတော် စစ်ကြောင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ပွိုင့် (၃၄၁/၃၄၂)ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး တ-တ-က ၁၃ ကျောင်းအုပ်ကြီးမှလည်း စစ်မြေပြင်ကို အနီးကပ် ကွပ်ကဲလျက်ရှိသလို ဗနွဲရွာ (သပိတ်ကျင်း - မိုးမိတ်လမ်းပိုင်း)ရှိ TNLA/PDF အကြမ်းဖက်စခန်းကို တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်နိုင်ခဲ့သည်။

တပ်မတော် စစ်ကြောင်းများသည် အကြမ်းဖက်စခန်းများကို ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)