ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို Trump အစိုးရ ရပ်ဆိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို Trump အစိုးရ ရပ်ဆိုင်း


မတ် - ၄

ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ သမ္မတ Donald Trump က အမိန့်ပေးထားတယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒီအကူအညီတွေဟာ ယူကရိန်းရှိပဋိပက္ခကို အဆုံးသတ်စေရေး အထောက်အကူပြု မပြု ဆိုတာ ပြန်လည်သုံးသပ်ဖို့ ဒီယာယီရပ်ဆိုင်းမှုက ရည်ရွယ်ထားကြောင်း အဲဒီအရာရှိက တနင်္လာနေ့မှာ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

အဲဒီအရာရှိက NHK ကို ပြောကြားရာမှာ "သမ္မတဟာ ငြိမ်းချမ်းရေးကို အာရုံစိုက်နေတယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုအလိုရှိတယ်။ ဒီဟာက အဖြေတစ်ခုအတွက် အထောက်အကူဖြစ်တယ်ဆိုတာ သေချာစေဖို့ ကျွန်တော်တို့ ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်နေပါတယ်" လို့ ဆိုပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ Trump နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တွေ့ဆုံမှုမှာ အခြေအတင်အငြင်းပွားခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ အခုလိုလုပ်ဆောင်ချက် ထွက်ပေါ်လာတာပါ။

ယူကရိန်းခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် ယုံယုံကြည်ကြည်နဲ့ ကတိကဝတ်ပြုမှုကို ပြသတယ်ဆိုတာ မစ္စတာ Trump မဆုံးဖြတ်မချင်း စစ်ဘက်ဆိုင်ရာအကူအညီတွေ ယာယီရပ်ဆိုင်းထားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး အမေရိကန်မီဒီယာ Bloomberg က ဖော်ပြခဲ့ပါတယ်။

လေယာဉ်၊ သင်္ဘောတွေနဲ့ လမ်းခုလတ်မှာရှိနေတာ ဒါမှမဟုတ် ပိုလန်ရှိ သယ်ယူပို့ဆောင်ရေးခရီးတစ်ထောက်နေရာတွေမှာ စောင့်ဆိုင်းနေတာတွေ အပါအဝင် ယူကရိန်းမှာ လောလောဆယ်မရောက်ရှိသေးတဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းတွေပေးပို့မှု အားလုံးကို ခေတ္တရပ်ထားမယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)