ASEAN AHA Centreမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ASEAN AHA Centreမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ


နေပြည်တော်၊ ဧပြီ ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှု များကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာ နိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

ASEAN AHA Centreမှ လှူဒါန်းသောလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စုစုပေါင်းပစ္စည်းတန်ချိန် ၅၀၁၃ ကီလို ဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့် တင်ဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၁၆ မိနစ် အချိန်တွင်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပစ္စည်း ၄၃၁၈ ကီလိုဂရမ်အားဖိလစ်ပိုင်နိုင်ငံမှC-130 လေယာဉ်ဖြင့် တင်ဆောင်၍ ယနေ့နံနက် ၁၁ နာရီ ၁၅မီနစ်တွင် လည်းကောင်း၊ ကုန်တန်ချိန် ၁၄၆၉၁ ကီလို ဂရမ်အား မလေးရှားနိုင်ငံ MAI လေကြောင်းလိုင်းဖြင့် တင်ဆောင်၍ မွန်းလွဲ ၁နာရီ ၁၃ မိနစ်တွင်နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အသီးသီးရောက်ရှိလာကြသည်။

အဆိုပါ ASEAN AHA Centreမှ လူသားချင်စာနာထောက်ထား မှုဆိုင်ရာ အထောက်အကူပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ကိုယ်စား တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)