နေပြည်တော်ရှိ အေးချမ်းသာဟိုတယ်တွင် ပိတ်မိနေသည့် အမျိုးသား ၂ ဦးအား ပြင်းထန်ငလျင် လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ရှိ အေးချမ်းသာဟိုတယ်တွင် ပိတ်မိနေသည့် အမျိုးသား ၂ ဦးအား ပြင်းထန်ငလျင် လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ




နေပြည်တော်၊ ဧပြီ ၃

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်းသာဟိုတယ်တွင် ပိတ်မိနေသည့် ဟိုတယ် ပြင်/ထိန်း ဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်ရှိ နိုင်လင်းထွန်း အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်များနှင့် တူကီယဲနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဧပြီ ၁ ရက် ညနေ ၃ နာရီအချိန်တွင် စတင်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်မှု ကြာချိန် ၉ နာရီခွဲကြာမြင့်ခဲ့ပြီး ည ၁၂ နာရီခွဲအချိန်တွင် နိုင်လင်းထွန်းအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ် နိုင်ခဲ့သည်။ ၎င်းအား ပြင်းထန်ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဟိုတယ်အတွင်း၌ အသက် ၂၆ နှစ်အရွယ် ထက်မောင်မောင် မှာလည်း ပိတ်မိကျန်ရှိနေသေးကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ် ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်များ၊ တူကီယဲနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် ဗီယက်နမ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်မှု ကြာ ချိန် ၃ နာရီ ၅၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် မောင်ထက်မောင်မောင် အား အဆောက်အဦအတွင်းမှ အသက်ရှင်လျက်အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်းနှင့် ဆေးရုံ သို့ ဆက်လက်ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)