Pages

Pages

ယီမင်ရှိ လောင်စာဆီဆိပ်ကမ်းနှင့် အနီးတစ်ဝိုက်အား အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုများအပေါ် အလေးအနက်စိုးရိမ်ဟု ကုလသမဂ္ဂ သံတမန် ပြော


အေဒင်၊ ယီမင်၊ ဧပြီ ၂၁ 

ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း ဟိုဒေးဒါ ပင်လယ်နီဆိပ်ကမ်းမြို့ရှိ ရက်စ်အီဆာ လောင်စာဆီဆိပ်ကမ်းနှင့် အနီးတစ်ဝိုက်အား အမေရိကန်က မကြာမီက လေကြောင်းမှတိုက်ခိုက်မှုများအပေါ် အလေးအနက်စိုးရိမ်ကြောင်း ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟန်စ် ဂရန်းဘာ့ဂ်က ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်။ 

ယင်းတိုက်ခိုက်မှုများကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးကာ ၁၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဟူသီအဖွဲ့က စီမံခန့်ခွဲနေသော ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဧပြီ ၁၉ ရက် အစောပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost


No comments:

Post a Comment