Pages

Pages

လိင်ပြောင်းတွေကို အမျိုးသမီးအဖြစ် မသက်မှတ်လို့ လန်ဒန်မှာ ဆန္ဒတွေပြ


ဧပြီ - ၂၁ ( တနင်္လာနေ့ ) 

ဗြိတိန်တရားရုံးချုပ်က အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဇီဝဆိုင်ရာ အဓိပ္ပါယ်သက်မှတ်ချက်ကို ပြဋ္ဌာန်းလိုက်တဲ့ အတွက် လိင်ပြောင်းထားသူတွေနဲ့ လိင်ပြောင်းတာကိုထောက်ခံတဲ့သူတွေ ပါတဲ့ လူထောင်နဲ့ချီပြီး လန်ဒန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဇီဝလိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုအက်ဥပဒေအောက်တွင် အမျိုးသမီးတစ်ဦးဆိုတာ ဘယ်လိုပါဆိုတဲ့  ဇီဝလိင်ပိုင်းဆိုင်ရာအရည်အချင်းကို သတ်မှတ်ကြောင်း ဆုံးဖြတ်ပြီးနောက် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေခေါင်းစဉ်အောက်မှ လိင်ပြောင်းတွေကို ဖယ်ထုတ်လိုက်တဲ့ သဘောသက်ရောက်သွားပါတယ်။ 

စနေနေ့က ပါလီမန်ရင်ပြင်တွင် တက်ကြွလှုပ်ရှားသူများသည် “လိင်ပြောင်း အမျိုးသမီးများသည် အမျိုးသမီးများဖြစ်သည်” ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ စီရင်ချက်ကို “လိင်ပြောင်းကြောက်ရောဂါ ” ဆိုပြီး ကင်ပွန်းတပ်လိုက်ကြပါတယ်။ 

ရဲတပ်ဖွဲ့၏ အဆိုအရ အမျိုးသမီးရေးဝါဒီ စာရေးဆရာနှင့် အမျိုးသမီး မဲပေးခွင့် လှုပ်ရှားသူ မီလီဆန့်ဖောစက် ရဲ့ အထိမ်းအမှတ် အပါအဝင် ရုပ်တု ခုနစ်ခု ဖျက်ဆီးခံလိုက်ရပါတယ် လို့ သိရပါတယ်။ “လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဝင်စတန်ချာချီ ၊ နယ်လ်ဆင်မန်ဒရဲ့လား  နဲ့  မီလီဆန့်ဖောစက် တို့လို လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ရုပ်တုတွေ တွေကို ဖျက်ဆီး တာက အရှက်ရစရာပါ။ အဲ့ဒါက ရာဇဝတ်မှုလည်း မြောက်ပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ မှန်ပါတယ်” ဟု ပြည်ထဲရေးအတွင်းဝန် ဝိုင်ဗက်တီကူပါး က ပြောကြားခဲ့ပါတယ်။ 

အမျိုးသမီးရေးရာနှင့် တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီး ဘရစ်ဂျက် ဖိလစ်ဆင် ရဲ့ ပြောရေးဆိုခွင့်ရှိသူက "ဖောစက်ရဲ့  ရုပ်တုကို ဖျက်စီးလိုက်တာက တော်တော်စိတ်ပျက်ဖို့ကောင်းတယ် ကျနော်တို့ ဒါကို ရှုံ့ချပါတယ်" လို့ ပြောသွားပါတယ်။ 

ဗြိတိန်တရားရုံးက သဘာဝ အမျိုးသမီးနဲ့ လူလုပ်ယူ အမျိုးသမီးဆိုတဲ့ သဘောကို ခွဲခြားလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment