အကြမ်းဖက်သမားတွေက အရပ်သားတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ လူတွေ သတ်ပြနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားတွေက အရပ်သားတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ လူတွေ သတ်ပြနေ


ဧပြီ - ၃၀ ( ဗုဒ္ဓဟူးနေ့ ) 
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ဖြစ်ပွားခဲ့တဲ့ သီးခြား တိုက်ခိုက်မှု နှစ်ခုတွင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး အခြား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုပါတယ်။  စစ်ရေးအရ တင်းမာသော ဒေသတွင် စစ်သွေးကြွ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားနေပြီး သတ်ဖြတ်မှုများ ဖြစ်ပေါ်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ စနေနေ့က အဒမ်မဝါ ပြည်နယ်၊ ဘော်နို မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှု များကို အကြမ်းဖက်သမားတွေက ပြုလုပ်ခဲ့ပါတယ်။ ဘော်နိုမြို့ ၏ ဂျီဝိုဇာဧရိယာတွင် အစ္စလာမ္မစ် စစ်သွေးကြွဟု သံသယရှိသူများသည် အရပ်သားတစ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၎င်းတို့ထဲမှ ဆယ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနတစ်ခုက ဆိုပါတယ်။ သောကြာနေ့အစောပိုင်းက တိုက်ခိုက်မှုတစ်ခုအတွင်းလည်း အရပ်ဘက်ပူးတွဲအလုပ်အဖွဲ့ (CJTF) အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 
အဒမ်မဝါပြည်နယ် ဟောင်ခရိုင်တွင် ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားများဟု ယူဆရသည့် သေနတ်သမား များက ကိုပရီရွာ ကို ဝင်ရောက်စီးနင်းခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဒမ်မဝါ ရဲများက အဆိုပါ ဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး အကြမ်းဖက်သမားတွေက  ဒေသခံ မုဆိုးများနှင့် CJTF အဖွဲ့ဝင်များကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 
တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဒေသတွင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က စစ်သားများ အပါအဝင် နောက်ထပ် အရာရှိများကို ကိုပရီ တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း ကြေညာခဲ့သည်။
“အဒမ်မာဝါပြည်နယ် ရဲတပ်ဖွဲ့က လုပ်ငန်းဖော် လုံခြုံရေးအေဂျင်စီတွေ အထူးသဖြင့် တပ်မတော်နဲ့ ပူးပေါင်းပြီး အကြမ်းဖက်ရာဇဝတ်မှုတွေ တားဆီးကာကွယ်ဖို့၊ အသက်နဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့၊ တရားမဝင် သေနတ်တွေ ကို ဖမ်းဆီးပြီး ပြန်လည်ရယူဖို့ နယ်စပ်လုံခြုံရေးကို မြှင့်တင်ဖို့ ကတိကဝတ်တွေကို ဆက်လက်ပြသနေပါတယ်”လို့ဆိုပါတယ်။ အရှေ့မြောက်ပိုင်းမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဆီက သတိပေးမှုတွေ တိုးလာနေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာတာပါ။ 

REF: RT
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)