ဧပြီ - ၂၀ ( တနင်္ဂနွေနေ့ )
အမေရိကန်က အစ္စရေးရဲ့ စစ်ရေးဆိုင်ရာဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးမထောက်ခံပေမဲ့ လာမယ့်လတွေထဲမှာ အစ္စရေးက အီရန်နိုင်ငံရဲ့ နျူ့ကလီယား စက်ရုံတွေကို သက်မှတ်တိုက်ခိုက်နိုင်ဖွယ်ရာ ရှိကြောင်း ရိုက်တာသတင်းဌာနက ခန့်မှန်းထားပါတယ်။
ရောမမြို့တွင် အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းမှု ဒုတိယအကျော့ ပြီးဆုံးချိန်တွင် ဆွေးနွေးညှိနှိုင်းမှုများ ထွက်ပေါ်လာပြီး ကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲကို အိုမန်တွင် ဧပြီလ ၂၆ ရက်နေ့တွင် ဆက်လက်ကျင်းပရန် မျှော်လင့်ထားပါတယ်။
ရိုက်တာသတင်း အဆိုအရကတော့ အစ္စရေးတွေက အမေရိကန်ရဲ့ အကူအညီမယူဘဲ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ယခင်က အီရန်ကို ကြာရှည်ပြီး ကျယ်ပြန့်ပြန့်သော တိုက်ခိုက်မှုတွေ လုပ်ဖို့စဉ်းစားထားကြပေမဲ့ အမေရိကန်ရဲ့ အကူအညီမရဘူးဆိုရင် သက်မှတ်ထားတဲ့ ပစ်မှတ်တွေကိုပဲ သီးခြားရွေးချယ် တိုက်ခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။
အစ္စရေးတွေက အမေရိကန်ကို အီရန်အပေါ်ထားရှိမယ့် ပိတ်ဆို့မှုအသစ်တွေရယ်၊ တိုက်ခိုက်မယ့်ဗျူဟာတွေကို တင်ပြဆွေးနွေးထားပါတယ်။ အမေရိကန်ဘက်က သဘောတူညီမှုကို စောင့်ဆိုင်နေတာဖြစ်လို့ အကယ်၍ အမေရိကန်က သဘောမတူရင် သူတို့ဖာသာသူတို့ တိုက်ခိုက်ရန်အတွက် ရည်ရွယ်နေပုံရပါတယ်။
ဗုဒ္ဓဟူးနေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးတွေတင်ပြထားတဲ့ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ထိထိရောက်ရောက် တိုက်ခိုက်မယ့်ဗျူဟာကို ငြင်းပယ်ပြီး အီရန်နဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း အတိုင်းသွားဖို့အတွက် စီစဉ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
အီရန်ကို ဗုံးကျဲ တိုက်ခိုက်ဖို့အတွက် ကျနော်အလျင်မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အီရန်ဟာ ကြီးကျယ်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုတွေနဲ့ ကြွယ်ဝချမ်းသာမှုရှိဖို့နဲ့ စစ်ပွဲကြောင့် သေကြေခြင်း မရှိဘဲ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကိုမြင်ချင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးရွေးချယ်မှုပါပဲ” လို့ ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
အကြီးတန်း အီရန်လုံခြုံရေးအရာရှိတစ်ဦးက “ကျနော်တို့ရဲ့ ထောက်လှမ်းရေးတွေက ရထားတဲ့ သတင်းအရဆိုရင်တော့ အစ္စရေးက ကျနော်တို့ရဲ့ နျူ့ကလီယား စက်ရုံတွေကို လေကြောင်းကနေ တိုက်ခိုက် နိုင်ဖွယ်ရာရှိနေပါတယ်” လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment