ဧပြီ - ၁၂ ( စနေနေ့ )
ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဘရစ်ဂျက်ဘရင့် သည် မကြာမီကာလအတွင်း ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားခဲ့သည်။ အဲ့ဒိသတင်းက လွန်ခဲ့သည့် ရက်အတော်ကြာကတည်းက ပျံ့နှံ့ခဲ့ပြီးသားဖြစ်ပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့အခါ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ် က "သံအမတ်ကြီး ဘရင့် ဟာ ယူကရိန်းသံရုံးမှာ သုံးနှစ်ကြာ သံအမတ်ဖြစ်ခဲ့ပြီး၊ အဲဒီသုံးနှစ်အတွင်းမှာ စစ်တွေဖြစ်နေခဲ့ပါတယ်။ သူမက အဲဒီမှာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ သူ့ကျန်းမာပါစေလို့ ကျွန်ုပ်တို့ ဆုတောင်းပါတယ်" လို့ပြောပါတယ်။ ပြတ်ပြတ်သားသား အတည်ပြုချက်ပေးရန် သတင်းထောက်က ထပ်လောင်းဖိအားပေးတဲ့အခါကျမှပဲ သံအမတ်ကြီး "အိမ်ပြန်ရောက်နေပြီ၊ ဟုတ်တယ်" လို့ ဘရုစ်က ဖြေပါတယ်။
အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဘရင့် သည် သူမ၏ သဘောတူချက်ကို စွန့်လွှတ်လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ခန့်အပ်တာဝန် ပေးခြင်း ခံရပြီး ၂၀၂၂ ခုနှစ် မေလကတည်းက ကိယက်ဗ်တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
သူမ၏ နေရာတွင် အစားထိုးရန် အလားအလာနှင့် ပတ်သက်၍ တရားဝင် သတင်းမရသေးသော်လည်း၊ ဥရောပနှင့် ယူရေးရှားရေးရာဗျူရိုရှိ အရှေ့ဥရောပ၊ မူဝါဒနှင့် ဒေသဆိုင်ရာ လက်ထောက်အတွင်းဝန် ခရစ်စမစ် ကို ထည့်သွင်းစဉ်းစားရမည့် ကိုယ်စားလှယ်လောင်းများထဲတွင် ပါဝင်သည်ဟု အခြားသော အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ဆိုပါတယ်။
စမစ် သည် ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံ မြို့တော်ရှိ အမေရိကန်သံရုံးတွင် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားနှင့် သံတမန်ဆက်ဆံရေးတွင် ပါဝင်နေချိန်တွင် ဘရင့် ရာထူးမှ နုတ်ထွက်ရခြင်းဖြစ်တယ်လို့ သတင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment