ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ကာလ သတိပဌာန်းအလုပ်ပေး နှင့် ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများဖွင့်လှစ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ကာလ သတိပဌာန်းအလုပ်ပေး နှင့် ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများဖွင့်လှစ်လျက်ရှိ





ပေါင်၊ ဧပြီ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၁၃၈၇ ခု နှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် အေးမြသာကြည်မဟာစည်‌ကျောင်းနှင့် ရိပ်သာများ၌ သတိပဌာန်အလုပ်ပေးနှင့် ဝိပဿနာ တရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဖွင့်လှစ်ကြသည့် တရားစခန်းများသည် (၇)ရက်တရားစခန်းများဖြစ်ပြီး တရားစခန်းဝင် ရောက်လာသည့် ယောဂီများအားသက်ဆိုင်ရာ ဆရာတော်ကြီးများက သစ္စာတရားတော်နှင့် ပတ်သက်သည့်တရားတော်များ၊ သတိပဌာန်အလုပ်ပေးတရားများနှင့် ဝိပဿနာတရားရှုမှတ်နည်းများကို သင်ကြားဟောပြောတော်မူပြီး (၁)နာရီကြာ ဝိပဿနာ ဘာဝနာပွားနည်းများကို ရှုမှတ်စေခဲ့သည်။

အဆိုပါတရားစခန်းများရှိ ဆရာတော်ကြီးများနှင့်ယောဂီများ သုံး‌ဆောင်နိုင်ရန်ဆွမ်းနှင့် အာဟာရဒါနများကို စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


မွန်မလေး

#News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)