FBI ဖမ်းထားတဲ့ ဆယ်ကျော်သက်က ထရမ့်ကို သတ်ပြီး ယူကရိန်းကို ထွက်ပြေးဖို့ စီစဉ်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

FBI ဖမ်းထားတဲ့ ဆယ်ကျော်သက်က ထရမ့်ကို သတ်ပြီး ယူကရိန်းကို ထွက်ပြေးဖို့ စီစဉ်ထား


ဧပြီ - ၁၄ ( တနင်္လာနေ့ ) 

အမေရိကန်နိုင်ငံ ၊ ဝစ်စကွန်ဆင်မြို့က အသက် ၁၇ နှစ်အရွယ် နီကီတာကာဆပ်က မိခင်နဲ့ပထွေးဖြစ်သူကို သတ်ဖြတ်ပြီး အိမ်ကနေ ဒေါ်လာ ၁သောင်း၄ထောင်၊ ပတ်စ်ပို့စ်၊ ခွေးတစ်ကောင် နဲ့ ကားတစ်စီးကို ခိုးယူကာ ထွက်ပြေးသွားခဲ့ပါတယ်။ ကန်ဆတ်ပြည်နယ်က မီးပွိုင့်တစ်ခုမှာ သူ့ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူ့ကို စစ်ဆေးပြီးတဲ့နောက်မှာတော့ သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတ်ဖြတ်ပြီး ယူကရိန်းနိုင်ငံကို ထွက်ပြေးဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။   

ယာဉ်ထိန်းရဲများက ရပ်တန့်ထားတဲ့ ကားထဲမှာ ခြောက်လုံးပြူးတစ်လက်၊ ခဲယမ်းသေတ္တာများနှင့် လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။ "ကာဆတ် က အမေရိကန် သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ နိုင်ငံခြားက အဖွဲ့အစည်းတွေကို အကြံဉာဏ်တောင်းခဲ့ပုံရပါတယ်။ လက်ရှိအမေရိကန်အစိုးကို ဖြုတ်ချနိုင်ဖို့ ဆိုရင် သမ္မတကို သတ်ပြီးမှ ဖြစ်နိုင်မယ်လို့ အခြား အဖွဲ့တစ်ဖွဲ့က သူ့ကို အကြံဉာဏ်ပေးထားပါတယ်" လို့ ဆိုပါတယ်။ “သူ့မိဘတွေကို သတ်ဖြတ်တာဟာ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ငွေကြေးဆိုင်ရာ ကိစ္စနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရှိဖို့ ကြိုးပမ်းမှုတစ်ခုလို့ ထင်ရပါတယ်” ဟု ၎င်းကဆိုပါတယ်။ 

ကာဆပ်က သမ္မတကို လုပ်ကြံဖို့ ဒရုန်းနှင့် ဖောက်ခွဲရေးပစ္စည်းများကို သုံးဖို့ကြံထားပြီး  “အစုလိုက်အပြုံလိုက် ဖျက်ဆီးမှုလက်နက်” အဖြစ် အသုံးပြုရန် ရည်ရွယ်ထားကြောင်း FBI က စွပ်စွဲထားပါတယ်။ 

ကာဆပ်ရဲ့ တယ်လီဂရမ်ချန်နယ် တွင် အမည်မသိအသုံးပြုသူတစ်ဦးနှင့် လုပ်ကြံမှုအကြောင်း ဆွေးနွေးနေတဲ့ သတင်းစကားတွေကိုလည်း ရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ တွင် "သမ္မတကို လုပ်ကြံလိုက်ရင် အဲ့ဒိ ရာဇဝတ်မှု အတွက် ဘယ်နိုင်ငံကို အပြစ်တင်ခံရ မလဲ” ဆိုတဲ့ သူ့မေးခွန်းကို အခြားတစ်ဘက် သုံးစွဲသူက "ရုရှား အပြစ်တင်ခံရလိမ့်မယ်၊ ဒါက ပန်းတိုင်ပဲ" လို့ ပြန်ပြောပါတယ်။ 

ကာဆပ် ရဲ့ ဖုန်းမှာ ယူကရိန်းနိုင်ငံက ဖုန်းနံပါတ် နဲ့ ဆက်သွယ်ပြောဆိုနေတာကို တွေ့ရပြီး အသုံးပြုသူတစ်ဦးနှင့် စကားပြောဆိုမှုများလည်း ပါဝင်ပါတယ်။  တိုက်ခိုက်မှုအပြီး လွတ်မြောက်ရေးအစီအစဉ်ကို ဆွေးနွေး ထားတာတွေကို တွေ့ရပါတယ်။ "ကျနော် ယူကရိန်းကို မပြောင်းခင် ၁လ ၊ ၂ လ ကြာအောင် ပုန်းအောင်း နေလို့ရမလား၊ ဖုံးကွယ်ထားပေးမလား" လို့ သူက မေးတယ်။ "ဒါဆို ယူကရိန်းမှာရှိနေတုန်း၊ ပုံမှန်အလုပ် တစ်ခုရနိုင်ပြီး ပုံမှန်ဘဝနဲ့ နေနိုင်ပါ့မလား။ ဒါကိုသိရရင် ငါလုပ်ခဲ့မယ်" လို့ သူကဆက်ပြောပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)