သပိတ်ကျင်းနှင့် မြင်းမူတို့တွင် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာ နေရာများကို ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းနှင့် မြင်းမူတို့တွင် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာ နေရာများကို ရှင်းလင်း


သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာနှင့် မြင်းမူမြိုနယ်၊ ကန်တော်ရွာတို့မှာ ခိုအောင်းနေထိုင်ပြီး အခိုင်အမာစခန်းပြုလုပ်နေထိုင်လျက်ရှိသော ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏  စခန်းတည်နေရာတွေကို အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများရဲ့ သတင်းပေးပိုချက်အရ ဗုံးကြဲချေမှုန်းခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများတွင် တပ်မတော်က အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်နေသေယောင် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေလျက်ရှိသည်။

မှတ်တမ်းဓာတ်ပုံများတွင် တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့ရသည့် နေရာများတွင် PDF အကြမ်းဖက်သမားများ ရှိနေသည့် အထောက်အထားများကို တွေ့မြင်ရသည်။

PDF အကြမ်းဖက်သမားများသည် လူနေအိမ်၊ အဆောက်အဦများတွင် စခန်းများတည်ဆောက်ပြီး နေထိုင်သည့်အပြင် ပြည်သူလူထုကို လူသားတံတိုင်းလုပ် အကာအကွယ်ယူပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေတာဖြစ်လို့ ပြည်သူများအနေနဲ့ အကြမ်းဖက်သမားများ မိမိတို့အနားတွင် နေထိုင်နေခြင်းကို လက်ခံခြင်းမပြုလုပ်ဘဲ မောင်းထုတ်ကြဖို့၊ အကြမ်းဖက်သမားများနဲ့ ဝေးရာမှာနေထိုင်ကြဖို့၊ အကြမ်းဖက်သမားများရဲ့ အသုံးချခြင်း မခံရဖို့ သတိပြုရန်လည်း ထုတ်ပြန်သတိပေးထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)